ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 23:3-9 Common Language Bible (BCL)

3. အ​သက်​သုံး​ဆယ်​နှင့်​အ​ထက်​ရှိ​သော​လေ​ဝိ အ​နွယ်​ဝင်​အ​မျိုး​သား​တို့​ကို​စာ​ရင်း​ကောက် ယူ​ရာ စု​စု​ပေါင်း​သုံး​သောင်း​ရှစ်​ထောင်​ရှိ သ​တည်း။-

4. မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။-

5. လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။

6. ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။

7. ဂေ​ရ​ရှုံ​တွင်​လာ​ဒန်​နှင့်​ရှိ​မိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။-

8. လာ​ဒန်​တွင်​ယေ​ဟေ​လ၊ ဇေ​သံ​နှင့်​ယော​လ ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-

9. သူ​တို့​သည်​ယာ​ဒန်​မှ​ဆင်း​သက်​လာ​သော ဆွေ​မျိုး​သား​ချင်း​စု​ဦး​စီး​များ​ဖြစ်​ကြ​၏။ (ရှိ​မိ​တွင်​ရှေ​လော​မိတ်၊ ဟာ​ဇေ​လ​နှင့်​ဟာ​ရန် ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-)

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 23