ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 23:23-32 Common Language Bible (BCL)

23. မေ​ရာ​ရိ​၏​ဒု​တိ​ယ​သား​မု​ရှိ​တွင်​မ​ဟာ​လိ၊ ဧ​ဒါ​နှင့်​ယေ​ရိ​မုတ်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။

24. ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။

25. ဒါ​ဝိဒ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​တော်​မူ​၍ မိ​မိ​ကိုယ်​တော်​တိုင်​ယေ​ရု ရှ​လင်​မြို့​တွင်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ လိမ့်​မည်။-

26. ယ​ခု​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲတော် ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့်​ပစ္စည်း​တန်​ဆာ​ပ​လာ​များ​ကို​လည်း ကောင်း​သယ်​ဆောင်​ကြ​ရန်​လို​တော့​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-

27. ဒါ​ဝိဒ်​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ​အ​ရ အ​သက်​နှစ်​ဆယ်​ပြည့်​သူ လေ​ဝိ​အ​နွယ်​ဝင် အ​ပေါင်း​တို့​သည်​အ​မှု​ဆောင်​ရန်​မှတ်​ပုံ​တင် ရ​ကြ​၏။-

28. သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။-

29. သူ​တို့​သည်​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​မုန့်၊ ပူ​ဇော်​သ​ကာ​အ​ဖြစ်​အ​သုံး​ပြု​သည့်​မုန့်​ညက်၊ တ​ဆေး​မဲ့​မုန့်​ပြား​များ၊ မီး​ဖြင့်​ထုတ်​လုပ်​သည့် ပူ​ဇော်​သ​ကာ​များ၊ ဆီ​နှင့်​ရော​သော​မုန့်​ညက် တို့​အ​တွက်​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဗိ​မာန်​တော်​ပူ​ဇော်​သ​ကာ​များ​ချိန်​တွယ်​မှု ကို​လည်း​တာ​ဝန်​ယူ​ရ​ကြ​၏။-

30-31. သူ​တို့​သည်​နံ​နက်​တိုင်း​ည​နေ​တိုင်း​ဥ​ပုသ် နေ့၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​တွင်​ပူ​ဇော် သ​ကာ​ဆက်​သ​ချိန်​တိုင်း ထာ​ဝ​ရ​ဘု​ရား ကို​ထော​မ​နာ​ပြု​၍​ဘုန်း​အ​သ​ရေ​တော် ချီး​ကူး​ရ​ကြ​၏။ ဤ​အ​မှု​ကို​တစ်​ကြိမ် လျှင်​လေ​ဝိ​အ​နွယ်​ဝင်​မည်​မျှ​ဆောင်​ရွက် ရ​မည်​ကို​သတ်​မှတ်​ထား​သည့်​နည်း​ဥ​ပ​ဒေ များ​ရှိ​၏။ လေဝိ​အ​နွယ်​ဝင်​တို့​အ​စဉ်​အ​မြဲ ထမ်း​ဆောင်​ရ​ကြ​သည့် တာ​ဝန်​ဝတ္တ​ရား​မှာ ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ဝတ်​ပြု​ကြ ရန်​ပင်​ဖြစ်​ပေ​သည်။-

32. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​နှင့် ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ကြ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​၏​ဆွေ​မျိုး များ​ဖြစ်​သော​အာ​ရုန်​၏​သား​မြေး​ယဇ်​ပု​ရော ဟိတ်​တို့​အား ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​၌​ကူ​ညီ​ကြ​ရန်​လည်း​ကောင်း​တာ​ဝန်​ယူ​ရ ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 23