ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 23:16-24 Common Language Bible (BCL)

16. ဂေ​ရ​ရှုံ​၏​သား​တို့​တွင်​ရှေ​ဗွေ​လ​သည် ခေါင်း​ဆောင်​ဖြစ်​၏။-

17. ဧ​လျေ​ဇာ​တွင်​ရေဟဘိ​ဟူ​သော​သား​တစ်​ယောက် တည်း​ရှိ​၏။ သို့​ရာ​တွင်​ရေ​ဟ​ဘိ​တွင်​မူ​ကား သား​မြေး​များ​စွာ​ရှိ​သ​တည်း။

18. ကော​ဟတ်​၏​ဒု​တိ​ယ​သား​ဣ​ဇ​ဟာ​တွင် ရှေ​လော​မိတ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။ သူ​သည်​သား​ချင်း​စု​ဦး​စီး​ဖြစ်​၏။-

19. ကော​ဟတ်​၏​တ​တိ​ယ​သား​ဟေ​ဗြုန်​တွင်​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့်​ယေ​က​မံ​ဟူ​သော သား​လေး​ယောက်​ရှိ​၏။-

20. ကော​ယတ်​၏​စ​တုတ္ထ​သား​သြ​ဇေ​လ​တွင် မိက္ခာ​နှင့်​ယေ​ရှိ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။

21. မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့်​မု​ရှိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ မ​ဟာ​လိ​တွင်​ဧ​လာ​ဇာ​နှင့် ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-

22. ဧ​လာ​ဇာ​သည်​သား​များ​ကို​မ​ရ၊ သ​မီး​များ ကို​သာ​လျှင်​ရ​ရှိ​၏။ သူ​၏​သ​မီး​များ​သည် မိ​မိ​တို့​၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​အိမ်​ထောင် ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကိ​ရှ​၏​သား​များ ဖြစ်​သ​တည်း။-

23. မေ​ရာ​ရိ​၏​ဒု​တိ​ယ​သား​မု​ရှိ​တွင်​မ​ဟာ​လိ၊ ဧ​ဒါ​နှင့်​ယေ​ရိ​မုတ်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။

24. ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 23