ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 23:13-19 Common Language Bible (BCL)

13. သူ​၏​သား​ကြီး​အာ​မ​ရံ​သည်​အာ​ရုန်​နှင့် မော​ရှေ​တို့​၏​အ​ဖ​ဖြစ်​၏။ (အာ​ရုန်​နှင့်​သူ ၏​သား​မြေး​တို့​သည်​အ​မွန်​အ​မြတ်​ထား သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​တို့​ကို​အ​စဉ် အ​မြဲ​ထိန်း​သိမ်း​ရန် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရန်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင် ရွက်​ရန်​နှင့်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ တို့​အား​ကောင်း​ချီး​ပေး​ရန်​သီး​သန့်​တာ​ဝန် ပေး​အပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။-

14. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​လူ​မော​ရှေ​၏ သား​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ဖြင့်​စာ​ရင်း​သွင်း​ခြင်း​ကို​ခံ​ရ​ကြ​၏။-)

15. မော​ရှေ​တွင်​ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။-

16. ဂေ​ရ​ရှုံ​၏​သား​တို့​တွင်​ရှေ​ဗွေ​လ​သည် ခေါင်း​ဆောင်​ဖြစ်​၏။-

17. ဧ​လျေ​ဇာ​တွင်​ရေဟဘိ​ဟူ​သော​သား​တစ်​ယောက် တည်း​ရှိ​၏။ သို့​ရာ​တွင်​ရေ​ဟ​ဘိ​တွင်​မူ​ကား သား​မြေး​များ​စွာ​ရှိ​သ​တည်း။

18. ကော​ဟတ်​၏​ဒု​တိ​ယ​သား​ဣ​ဇ​ဟာ​တွင် ရှေ​လော​မိတ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။ သူ​သည်​သား​ချင်း​စု​ဦး​စီး​ဖြစ်​၏။-

19. ကော​ဟတ်​၏​တ​တိ​ယ​သား​ဟေ​ဗြုန်​တွင်​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့်​ယေ​က​မံ​ဟူ​သော သား​လေး​ယောက်​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 23