ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 21:2-14 Common Language Bible (BCL)

2. ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ခြား​တပ်​မှူး​များ အား``သင်​တို့​သည်​တိုင်း​ပြည်​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင် ဣ​သ​ရေ​လ နိုင်ငံ​တစ်​လျှောက်​လုံး​ကို​သွား​ရောက်​၍​လူ​ဦး ရေ​စာ​ရင်း​ကောက်​ယူ​ကြ​လော့။ လူ​ဦး​ရေ မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု မိန့်​တော်​မူ​၏။

3. ယွာ​ဘ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အား ယ​ခု​ထက်​အ​ဆ​တစ်​ရာ ပို​မို​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး၊ သူ​တို့​အ​ပေါင်း​သည်​ကိုယ် တော်​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​ပြစ် ရ​ကြ​စေ​ရန် အ​ဘယ်​ကြောင့်​ဤ​အ​မှု​ကို ပြု​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​၏။-

4. သို့​ရာ​တွင်​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့် အ​တိုင်း​လိုက်​နာ​စေ​တော်​မူ​၏။ ယွာ​ဘ​သည် ထွက်​ခွာ​သွား​ပြီး​လျှင် ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​သို့​လှည့်​လည်​ကာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​၏။-

5. သူ​သည်​စစ်​မှု​ထမ်း​နိုင်​သူ​လူ​ပေါင်း​ဣ​သ ရေ​လ​ပြည်​မှ တစ်​သန်း​တစ်​သိန်း​နှင့်​ယု​ဒ ပြည်​မှ​လေး​သိန်း​ခု​နစ်​သောင်း​ရှိ​ကြောင်း ဒါ​ဝိဒ်​မင်း​အား​အ​စီ​ရင်​ခံ​လေ​သည်။-

6. ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။

7. ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-

8. ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။

9. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​၏ ပ​ရော​ဖက်​ဖြစ်​သူ​ဂဒ်​အား၊-

10. သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​လော့။ ငါ​ပြု​ရန် ရှိ​သည့်​အ​မှု​သုံး​ခု​အ​နက် သူ​သည်​မိ​မိ ကြိုက်​နှစ်​သက်​ရာ​တစ်​ခု​ကို ရွေး​ချယ်​နိုင် ကြောင်း​ပြော​ကြား​လော့။ သူ​ရွေး​ချယ်​ရာ ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။

11. ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း​တင်​ပြ​ပြီး​လျှင်၊-

12. ``အ​ရှင်​မင်း​ကြီး၊ သုံး​နှစ်​ပတ်​လုံး​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​သည့်​ဘေး၊ သုံး​လ​ပတ် လုံး​သင့်​ကို​ရန်​သူ​လိုက်​မီ​၍​ထား​ဖြင့် လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး​ကပ် ရော​ဂါ​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ဋ္ဌား​ဖြင့် ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ် ကာ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​လျှောက်​လုံး တွင်​သတ်​ဖြတ်​မည့်​ဘေး​တို့​အ​နက် အ​ဘယ်​ကို​ရွေး​ချယ်​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘုရား​အား​အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​ရ​ပါ​မည်'' ဟု​လျှောက်​လေ​၏။

13. ဒါ​ဝိဒ်​သည်​ဂဒ်​အား``ငါ​သည်​အ​လွန်​ဆိုး​ဝါး သော​အ​ခြေ​အ​နေ​သို့​ရောက်​၍​နေ​လေ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အပြစ်​ပေး​သည်​ကို​ငါ မ​ခံ​လို။ ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ပေး​တော် မူ​ပါ​စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု ဆို​၏။

14. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​သက် ရောက်​စေ​တော်​မူ​သ​ဖြင့်​လူ​ခု​နစ်​သောင်း သေ​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 21