ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 18:7-17 Common Language Bible (BCL)

7. ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​အ​ရာ​ရှိ​များ ကိုင် ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​တို့​ကို​ဖမ်း​ဆီး​သိမ်း​ယူ တော်​မူ​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့​ဆောင်​ယူ သွား​တော်​မူ​၏။-

8. သူ​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​တိ​ဗ​ဟတ် မြို့​နှင့် ခုန်​မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား ကို​လည်း​သိမ်း​ယူ​၍​သွား​လေ​သည်။ (နောင်​အ​ခါ ၌​ရှော​လ​မုန်​မင်း​သည်​ထို​ကြေး​ဝါ​တို့​ဖြင့်​ရေ ကန်​တိုင်​ကြီး​များ၊ ဗိ​မာန်​တော်​အ​တွက်​အိုး ခွက်​များ​ကို​ပြု​လုပ်​သ​တည်း။)

9. ဒါ​ဝိဒ်​မင်း​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​တပ်​မ တော်​တစ်​ခု​လုံး​ကို​ဖြို​ခွင်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင်​တော​ဣ​ကြား​သိ​လေ​သော်-

10. ဒါ​ဝိဒ်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက်​သ​ရန်​နှင့် စစ်​ပွဲ​နိုင်​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​ကြောင်း ဖော်​ပြ​ရန်​သား​တော်​ဟ​ဒေါ​ရံ​ကို​စေ​လွှတ် လိုက်​လေ​သည်။ ဟ​ဒေါ​ရံ​သည်​ဒါ​ဝိဒ်​မင်း အ​တွက် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ တို့​ဖြင့်​ပြီး​သော လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင်​သွား​၏။-

11. ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။

12. ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​သည်​ဆား​ချိုင့်​ဝှမ်း တွင် ဧ​ဒုံ​အ​မျိုး​သား​လူ​တစ်​သောင်း​ရှစ်​ထောင် ကို​လုပ်​ကြံ​လေ​သည်။-

13. သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​တပ်​စ​ခန်း များ​ချ​၍​ထား​သ​ဖြင့် ထို​အ​ရပ်​ရှိ​လူ​တို့​သည် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ​ကြ​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား​အ​ရပ် တ​ကာ​တွင်​အောင်​ပွဲ​ကို​ပေး​တော်​မူ​သ​တည်း။

14. ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​၍ မိ​မိ​၏​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​အ​ပေါ်​တွင်​အ​စဉ်​ပင်​တ​ရား မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​တော်​မူ​၏။-

15. ဇေ​ရု​ယာ​၏​ညီ​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုဒ်​၏​သား​ယော​ရှ​ဖတ် သည်​မှတ်​တမ်း​ထိမ်း​မှူး​ဖြစ်​၏။-

16. အ​ဟိ​တုပ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​၏ သား​အ​ဟိ​မ​လက်​သည်​ယဇ်​ပု​ရော​ဟိတ်​များ ဖြစ်​ကြ​၏။ စ​ရာ​ယ​ကား​နန်း​တော်​အ​တွင်း​ဝန် ဖြစ်​သ​တည်း။-

17. ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည်​ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​ဖွဲ့​ဝင်၊ ခေ​ရ​သိ​အ​မျိုး​သား များ​နှင့်​ပေ​လ​သိ​အ​မျိုး​သား​တို့​ကို​အုပ်​ချုပ် ရ​လေ​သည်။ ဒါ​ဝိဒ်​၏​သား​တော်​တို့​သည်​လည်း ကြီး​မြင့်​သည့်​ရာ​ထူး​ရာ​ခံ​များ​တွင်​မင်း​ကြီး ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 18