ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 17:7-16 Common Language Bible (BCL)

7. ``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။-

8. သင်​သွား​လေ​ရာ​ရာ​သို့​သင်​နှင့်​အ​တူ​ငါ​ရှိ ခဲ့​၏။ သင်​၏​လမ်း​မှ​ရန်​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ဖျက်​ဆီး​ခဲ့​၏။ ကမ္ဘာ​မြေ​ပေါ်​တွင် အ​ကြီး​မြတ်​ဆုံး​သူ​များ​နည်း​တူ​သင့်​ကို ငါ​ထင်​ပေါ်​ကျော်​ကြား​စေ​မည်။-

9-10. ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နေ​ထိုင်​ရန်​အ​ရပ်​ကို​ရွေး​ချယ်​၍ သူ တို့​အား​နေ​ရာ​ချထား​ပေး​ခဲ့​၏။ သူ​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ​ဖိ​စီး​နှိပ်​စက်​မှု​ကို​ခံ​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ပြည်​သို့​ဝင်​ရောက်​လာ ချိန်​မှ​အ​စ​ပြု​၍​အ​ကြမ်း​ဖက်​သ​မား​တို့​၏ တိုက်​ခိုက်​မှု​ကို​ခံ​ခဲ့​ရ​သော်​လည်း နောင်​အ​ဘယ် အ​ခါ​၌​မျှ​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ငါ သည်​သင်​၏​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း​မည်၊ သင်​၏​အ​မျိုး​အ​နွယ်​ကို​လည်း​တည်​မြဲ​စေ မည်​ဟူ​၍​က​တိ​ပြု​၏။-

11. သင်​သည်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း များ​အ​နီး​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​သော အ​ခါ ငါ​သည်​သင့်​သား​တစ်​ယောက်​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှင့်​၍​သူ​၏​နိုင်​ငံ​ကို​တည်​တံ့ ခိုင်​မြဲ​စေ​မည်။-

12. သူ​သည်​ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ မင်း​ဆက်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-

13. ငါ​သည်​သူ​၏​အဖ​ဖြစ်​လိမ့်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​သင့်​အား​ဘု​ရင် အ​ဖြစ်​ဖြင့်​ချီး​မြှောက်​နိုင်​ရန်​ရှော​လု​ကို​ဖယ် ရှား​၍ ငါ​၏​အ​ထောက်​အ​ကူ​ကို​သူ့​ထံ​မှ ရုတ်​သိမ်း​သ​ကဲ့​သို့ သင်​၏​သား​ထံ​မှ​ရုတ်​သိမ်း လိမ့်​မည်​မ​ဟုတ်။-

14. ငါ​၏​လူ​မျိုး​တော်​နှင့်​ငါ့​နိုင်​ငံ​တော်​ကို​ထာ​ဝ စဉ်​စောင့်​ရှောက်​ရန် သူ့​ကို​တာ​ဝန်​ပေး​အပ်​မည်။ သူ​၏​မင်း​ဆက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟူ​၍​နာ​သန်​အား​မိန့်​တော်​မူ​၏။

15. နာ​သန်​သည်​ဘု​ရား​သခင်​ဖွင့်​ပြ​တော်​မူ​သော ဗျာ​ဒိတ်​တော်​မှန်​သ​မျှ​ကို ဒါ​ဝိဒ်​အား​ပြန် ကြား​လျှောက်​ထား​လေ​၏။

16. ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ထိုင်​ပြီး​လျှင်``အို ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​နှင့်​ကျွန် တော်​မျိုး​၏​အိမ်​ထောင်​စု​သည် ကိုယ်​တော်​ရှင် ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​နှင့် မ​ထိုက်​တန်​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 17