ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 17:20-27 Common Language Bible (BCL)

20. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။-

21. ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။-

22. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။

23. ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး နှင့်​သား​မြေး​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ပြု တော်​မူ​သော​က​တိ​တော်​ကို ယ​ခု​ပင်​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြု တော်​မူ​မည်​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း အ​စဉ်​ပင်​ပြု​တော်​မူ​ပါ။-

24. ကိုယ်​တော်​ရှင်​၏​သ​တင်း​တော်​သည်​ထင်​ပေါ် ကျော်​ကြား​ပါ​လိမ့်​မည်။ လူ​တို့​က​လည်း`အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​၏' ဟု​အ​စဉ်​အ​မြဲ​မြွက်​ဆို​ကြ​ပါ​လိမ့် မည်။ ကျွန်​တော်​မျိုး​၏​ရာ​ဇ​ပလ္လင်​ကို​လည်း ထာ​ဝ​စဉ်​တည်​စေ​တော်​မူ​ပါ​လိမ့်​မည်။-

25. ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ​ကျွန်​တော် မျိုး​အား ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော် မျိုး​၏​သား​မြေး​တို့​အား​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှင့်​မြှောက်​စား​တော်​မူ​မည်​ဟု​မိန့်​တော် မူ​သော​ကြောင့်​လည်း​ကောင်း​ကျွန်​တော်​မျိုး သည် ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ကျွန်​တော်​မျိုး ၏​ဘု​ရား​ထံ​တော်​သို့​တင်​လျှောက်​ဝံ့​ခြင်း ဖြစ်​ပါ​၏။-

26. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား ဤ​အံ့​သြ​ဖွယ်​သော​က​တိ​တော်​ကို​ပေး တော်​မူ​ပါ​ပြီ။-

27. ကျွန်​တော်​မျိုး​၏​သား​မြေး​တို့​သည်​ကိုယ်​တော် ရှင်​၏​ရှေ့​တော်​၌​ဆက်​လက်​၍​မျက်​နှာ​ရ​ကြ စေ​ရန် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ ဟု​ပန်​ကြား​လျှောက်​ထား​ပါ​၏။ အို ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော် ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​စဉ်​အ​မြဲ ခံ​စား​ရ​ကြ​ပါ​စေ​သော'' ဟု​ဆု​တောင်း သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 17