ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 16:30-35 Common Language Bible (BCL)

30. ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌ ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ကမ္ဘာ​မြေ​ကြီး​သည်​မ​ရွှေ့​မ​လျား​နိုင်​အောင် မိ​မိ​၏​နေ​ရာ​တွင်​ခိုင်​မြဲ​စွာ​တည်​နေ​၏။

31. အ​ချင်း​ကုန်း​မြေ​နှင့်​မိုး​ကောင်း​ကင်​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​ကြောင်း လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​လော့။

32. ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​တွင်​ရှိ​သ​မျှ​သော သတ္တဝါ​တို့၊ မြည်​ဟည်း​သံ​ကို​ပြု​ကြ​လော့။ပင်​လယ်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။

33. ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​လော​က​ကို​အုပ်​စိုး ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊တော​များ​ရှိ​သစ်​ပင်​တို့​သည်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။

34. ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။

35. ``ကျွန်​တော်​မျိုး​တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​ကိုထော​မ​နာ​ပြု​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်ကျွန်​တော်​မျိုး​တို့​ကို​ကယ်​တင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​ကို​စု​ရုံး​၍​ကျွန်​တော်​မျိုး​တို့​အားလူ​မျိုး​တ​ကာ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​မြွက်​ဆို​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 16