24. လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊လူအပေါင်းတို့အားကိုယ်တော်၏အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
25. ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
26. အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။
27. ဘုန်းအသရေတော်နှင့်တန်ခိုးအာနုဘော် တော်သည် ကိုယ်တော်အားဝိုင်းရံလျက်ရှိ၏။ကိုယ်တော်၏ဗိမာန်တော်သည်ဝမ်းမြောက် ရွှင်မြူးသံနှင့်ပြည့်လျက်ရှိ၏။
28. ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
29. ဘုန်းအသရေတော်ရှင်ထာဝရဘုရား၏နာမ တော်ကို ထောမနာပြုကြလော့။ပူဇော်သကာကိုဆောင်ယူလျက်ကိုယ်တော်၏ ဗိမာန်တော်သို့ဝင်ကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာတော်မူသောအခါဦးညွှတ်ပျပ်ဝပ် ကြလော့။
30. ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
31. အချင်းကုန်းမြေနှင့်မိုးကောင်းကင်တို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူကြောင်း လူမျိုးတကာတို့အားပြောကြားလော့။
32. ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။
33. ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
34. ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူ၏။
35. ``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကိုထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင်ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။