ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 16:1-7 Common Language Bible (BCL)

1. သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။-

2. ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊-

3. အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။

4. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။-

5. သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-

6. ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-

7. ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 16