ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 14:10-17 Common Language Bible (BCL)

10. ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့၊ ငါ​သည်​သင့် အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့် တော်​မူ​၏။

11. သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-

12. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး​ကွယ် သည့်​ရုပ်​တု​များ​ကို ထို​အ​ရပ်​တွင်​ထား​ရစ်​ခဲ့ ကြ​၏။ ဒါ​ဝိဒ်​သည်​လည်း​ယင်း​တို့​ကို​မီး​ရှို့ ပစ်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။

13. ထို​နောက်​များ​မ​ကြာ​မီ​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ထို​ချိုင့်​ဝှမ်း​သို့​တစ်​ဖန်​ပြန်​လာ​ကြ လျက်​စတင်​လု​ယက်​တိုက်​ခိုက်​ကြ​ပြန်​၏။-

14. ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။-

15. ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-

16. ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သခင်​မိန့်​တော်​မူ​သည် အ​တိုင်း​ပြု​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​ဂိ ဗောင်​မြို့​မှ​သည်​ဂါ​ဇေ​ရ​မြို့​သို့​တိုင်​အောင် နှင်​ထုတ်​တော်​မူ​၏။-

17. ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 14