ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 13:7-13 Common Language Bible (BCL)

7. သူ​တို့​သည်​အ​ဘိ​န​ဒပ်​၏​အိမ်​မှ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ထုတ်​ယူ​ပြီး​နောက်​လှည်း​သစ် ပေါ်​သို့​တင်​ကြ​၏။ သြ​ဇ​နှင့်​အ​ဟိ​သြ​တို့ က​ထို​လှည်း​ကို​မောင်း​လျက်-

8. ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​က​အ​စွမ်း ကုန်​က​လျက် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး ကူး​လျက်​လာ​ကြ​၏။ သူ​တို့​သည်​သီ​ချင်း​ဆို ၍​စောင်း၊ ပတ်​သာ၊ လင်း​ကွင်း​နှင့်​တံ​ပိုး​ခ​ရာ များ​ကို​တီး​မှုတ်​ကြ​၏။

9. ထို​သူ​တို့​ခိ​ဒုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ​နွား​တို့​သည်​ခြေ​ချော်​လဲ​သ​ဖြင့် သြ​ဇ​သည်​လက်​ကို​ဆန့်​၍​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​ထား​လိုက်​၏။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ခဏ​၌​အ​မျက်​ထွက် တော်​မူ​၍ သြ​ဇ​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တို့​ထိ​သည့်​အ​တွက်​သေ​ဒဏ်​ပေး​တော်​မူ​၏။ သြ​ဇ​သည်​ထို​အ​ရပ်​၌​ပင်​ဘုရား​သခင်​၏ ရှေ့​တော်​ဝယ်​သေ​လေ​၏။-

11. သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ပေ​ရ​ဇော​ဇ​ဟု​ယ​နေ့ တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။ ယင်း သို့​သြ​ဇ​အား​ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော် ထွက်​၍ ဒဏ်​ခတ်​တော်​မူ​သည့်​အ​တွက်​ဒါ​ဝိဒ် သည်​စိတ်​နာ​လေ​၏။

12. ထို့​နောက်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​ကို​ကြောက် ရွံ့​တော်​မူ​သ​ဖြင့်``ယ​ခု​ငါ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​အ​ဘယ်​သို့​လျှင်​ယူ​ဆောင် ရ​ပါ​တော့​မည်​နည်း'' ဟု​ဆို​၍။-

13. သေတ္တာ​တော်​ကို​မိ​မိ​နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့ သို့​မ​ယူ​ဆောင်​တော့​ချေ။ ယင်း​သို့​ယူ​ဆောင်​မည့် အ​စား​သေတ္တာ​တော်​ကို​ဂိတ္တိ​မြို့​သား​သြ​ဗ ဒေ​ဒုံ​နာ​မည်​ရှိ​သူ​တစ်​ဦး​၏​အိမ်​၌​ထား​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 13