ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 13:1-6 Common Language Bible (BCL)

1. ဒါ​ဝိဒ်​မင်း​သည်​တစ်​ထောင်​တပ်​နှင့် တစ်​ရာ​တပ် တို့​၏​တပ်​မှူး​အား​လုံး​နှင့်​ဆွေး​နွေး​တိုင်​ပင်​၏။-

2. ထို​နောက်​စု​ရုံး​လျက်​ရှိ​သော​ဣ​သ​ရေ​လ​ပြည် သား​တို့​အား``သင်​တို့​သ​ဘော​တူ​ညီ​၍​ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​လို တော်​ရှိ​မည်​ဆို​ပါ​က ကျန်​ရှိ​နေ​သော​အ​ခြား ငါ​တို့​အ​မျိုး​သား​အ​ပေါင်း​နှင့်​မြို့​ရွာ​များ ရှိ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​အား ဤ​အ​ရပ်​သို့​အ​ရောက်​စု​ဝေး​ကြ ရန်​စေ​တ​မန်​များ​လွှတ်​၍​ခေါ်​ဖိတ်​ကြ ကုန်​အံ့။-

3. ထို​နောက်​ရှော​လု​နန်း​စံ​ခဲ့​စဉ်​အ​ခါ​က လျစ် လူ​ရှု​ထား​ခဲ့​သည့်​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​သွား​၍​ယူ​ဆောင်​ကြ​ကုန် အံ့'' ဟု​ကြေ​ညာ​၏။-

4. လူ​တို့​သည်​ဤ​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် သ​ဘော​တူ​လက်​ခံ​ကြ​၏။

5. သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​တောင်​ဘက်​အီ​ဂျစ်​နယ် စပ်​မှ မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​လမ်း​သို့ တိုင်​အောင် နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ဣ​သ​ရေ​လ ပြည်​သား​အ​ပေါင်း​တို့​အား​လာ​ရောက်​စု​ဝေး ကြ​ရန်​ခေါ်​ယူ​လေ​သည်။ သူ​တို့​သည်​ကိ​ရ ယတ်​ယာ​ရိမ်​မြို့​မှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဆောင်​ယူ​ကြ​ရန်​စု​ဝေး​ကြ​၏။-

6. ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ခေ​ရု​ဗိမ်​များ​ထက်​တွင်​စံ​ပယ်​တော်​မူ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယူ​ဆောင်​ရန် ယု​ဒ​ပြည်​ရှိ​ဗာ​လာ​မြို့​တည်း ဟူ​သော​ကိ​ရိ​ယတ်​ယာ​ရိမ်​မြို့​သို့​သွား ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 13