ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 12:1-2-9-13 Common Language Bible (BCL)

1-2. ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။-

3-7. သူ​တို့​၏​တပ်​မှူး​များ​မှာ​ဂိ​ဗာ​မြို့​သား ရှေ​မာ​၏​သား​ဖြစ်​ကြ​သော အ​ဟေ​ဇာ​နှင့် ယော​ရှ​တို့​ဖြစ်​ကြ​၏။စစ်​သူ​ရဲ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။အာ​ဇ​မာ​ဝက်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဇေ​လ​နှင့်​ပေ​လက်။အ​န​သုတ်​မြို့​သား​ဗေ​ရာ​ခ​နှင့်​ယေ​ဟု။ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူဂိ​ဗောင်​မြို့​သား​နာ​မည်​ကျော်​စစ်​သူ​ရဲ​ဣ​ရှ​မာ​ယ။ဂေ​ဒ​ရ​မြို့​သား​များ​ဖြစ်​ကြ​သော​ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ယော​ဟ​နန်​နှင့်​ယော​ဇ​ဗဒ်။ဟ​ရု​ဖိ​မြို့​သား​များ​ဖြစ်​ကြ​သော​ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ရှေ​မ​ရိ​နှင့်​ရှေ​ဖ​တိ။ကော​ရ​သား​ချင်း​စု​မှ​ဧ​လ​ကာ​န၊ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ယော​ဇာ​နှင့်​ယာ​ရှော​ဗ။ဂေ​ဒေါ်​မြို့​သား​ယေ​ရော​ဟံ​၏​သား​များ ဖြစ်​ကြ​သော ယော​လာ​နှင့်​ဇေ​ဗ​ဒိ​တို့​ဖြစ်​ကြ​၏။

8. ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။-

9-13. ရာ​ထူး​ကြီး​ငယ်​အ​လိုက်​သူ​တို့​၏​နာ​မည် များ​မှာ​ဧ​ဇာ၊ သြ​ဗ​ဒိ၊ ဧ​လျာ​ဘ၊ မိ​ရှ​မန္န၊ ယေ​ရ​မိ၊ အတ္တဲ၊ ဧ​လျေ​လ၊ ယော​ဟ​နန်၊ ဧ​လ ဇာ​ဗဒ်၊ ယေ​ရ​မိ၊ မာ​ခ​ဗာ​နဲ​ဟူ​၍​ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 12