ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 12:1-2-19 Common Language Bible (BCL)

1-2. ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။-

3-7. သူ​တို့​၏​တပ်​မှူး​များ​မှာ​ဂိ​ဗာ​မြို့​သား ရှေ​မာ​၏​သား​ဖြစ်​ကြ​သော အ​ဟေ​ဇာ​နှင့် ယော​ရှ​တို့​ဖြစ်​ကြ​၏။စစ်​သူ​ရဲ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။အာ​ဇ​မာ​ဝက်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဇေ​လ​နှင့်​ပေ​လက်။အ​န​သုတ်​မြို့​သား​ဗေ​ရာ​ခ​နှင့်​ယေ​ဟု။ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူဂိ​ဗောင်​မြို့​သား​နာ​မည်​ကျော်​စစ်​သူ​ရဲ​ဣ​ရှ​မာ​ယ။ဂေ​ဒ​ရ​မြို့​သား​များ​ဖြစ်​ကြ​သော​ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ယော​ဟ​နန်​နှင့်​ယော​ဇ​ဗဒ်။ဟ​ရု​ဖိ​မြို့​သား​များ​ဖြစ်​ကြ​သော​ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ရှေ​မ​ရိ​နှင့်​ရှေ​ဖ​တိ။ကော​ရ​သား​ချင်း​စု​မှ​ဧ​လ​ကာ​န၊ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ယော​ဇာ​နှင့်​ယာ​ရှော​ဗ။ဂေ​ဒေါ်​မြို့​သား​ယေ​ရော​ဟံ​၏​သား​များ ဖြစ်​ကြ​သော ယော​လာ​နှင့်​ဇေ​ဗ​ဒိ​တို့​ဖြစ်​ကြ​၏။

8. ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။-

9-13. ရာ​ထူး​ကြီး​ငယ်​အ​လိုက်​သူ​တို့​၏​နာ​မည် များ​မှာ​ဧ​ဇာ၊ သြ​ဗ​ဒိ၊ ဧ​လျာ​ဘ၊ မိ​ရှ​မန္န၊ ယေ​ရ​မိ၊ အတ္တဲ၊ ဧ​လျေ​လ၊ ယော​ဟ​နန်၊ ဧ​လ ဇာ​ဗဒ်၊ ယေ​ရ​မိ၊ မာ​ခ​ဗာ​နဲ​ဟူ​၍​ဖြစ်​သ​တည်း။

14. ဂဒ်​အ​နွယ်​ဝင်​မှ​ထို​သူ​အ​ချို့​တို့​သည်​တစ် ထောင်​တပ်​ကို​အုပ်​ချုပ်​ရ​သူ၊ အ​ချို့​မှာ​တစ် ရာ​တပ်​ကို​အုပ်​ချုပ်​ရ​သူ​တပ်​မှူး​များ​ဖြစ် ကြ​၏။-

15. ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။

16. အ​ခါ​တစ်​ပါး​၌​ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​တို့​မှ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊-

17. ဒါ​ဝိဒ်​မင်း​သည်​သူ​တို့​အား​ခရီး​ဦး​ကြို​ပြု လျက်``သင်​တို့​သည်​မိတ်​ဆွေ​အ​ဖြစ်​ဖြင့်​ငါ့ ကို​ကူ​ညီ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​အား​ကြို​ဆို​လက်​ခံ​ပါ​၏။ ငါ​တို့​ဘက်​သို့​ဝင်​ကြ​လော့။ သို့​ရာ​တွင်​သင် တို့​သည်​ငါ့​အား​ရန်​သူ​များ​လက်​သို့​အပ် ရန်​လာ​လျှင်​မူ​ကား ငါ​သည်​သင်​တို့​အား အ​နာ​တ​ရ​ပြု​မည်​မ​ဟုတ်​သော်​လည်း ငါ တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​သင်​တို့​ပြု သည့်​အ​မှု​ကို​မြင်​တော်​မူ​၍ သင်​တို့​အား အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

18. ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည်အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။

19. ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 12