ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 11:23-26-47 Common Language Bible (BCL)

23. အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-

24. ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။-

25. သူ​သည်​ရဲဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​အပ်​တော်​မူ​၏။

26-47. ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ဖာ​လ​တိ​မြို့​သား​ဟေ​လက်။တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။အ​ဟော​ဟိ​မြို့သားဣ​လဲ။နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ဥ​ရ၏​သား​ဧလိ​ဖ​လ။မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ဧဇ​ပဲ​၏​သား​နာ​ရဲ။နာ​သန်​၏ညီ​ယော​လ။ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။အမ္မုန်​မြို့​သား​ဇေ​လက်။ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ဟိတ္တိ​လူ​မျိုး​ဥရိယ။အာ​လဲ​၏​သား​ဇာ​ဗဒ်။ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိတပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။)မာ​ခါ​၏သား​ဟာ​နန်။မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 11