ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 11:11-20 Common Language Bible (BCL)

11. သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-

12. နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-

13. သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။-

14. သို့ဖြစ်​၍​သူ​သည်​မိ​မိ​၏အ​ဖော်​များ​နှင့် လယ်​ပြင်​အ​လယ်​တွင်​ရပ်​လျက် ဖိ​လိတ္တိ​အ​မျိုး သား​တို့ကို​တိုက်​ခိုက်​လေ​သည်။ ထာ​ဝ​ရ ဘု​ရားသည်​သူ့အား​ကြီးစွာ​သော​အောင်​ပွဲ ကို​ပေး​တော်​မူ​၏။

15. တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။-

16. ထို​အ​ချိန်​၌ဒါ​ဝိဒ်​သည်​အ​ခိုင်​အ​မာ​ခံ တပ်​တည်​ထား​သော​တောင်​ကုန်း​တစ်​ခု​ပေါ် တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုးသား​တစ်​စု​က​လည်း ဗက်​လင်​မြို့ကို​ဝင်​ရောက်​သိမ်း​ပိုက်​၍​ထား ကြ​၏။-

17. ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။-

18. ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။-

19. ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။

20. ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​တိုက် ခိုက်​ခဲ့​သ​ဖြင့်​ရဲဘော်​သုံး​ကျိပ်​တို့တွင် နာ​မည်​ကြီး၍​လာ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 11