ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 11:1-8 Common Language Bible (BCL)

1. ဣ​သ​ရေလ​ပြည်သား​အ​ပေါင်း​တို့သည်​ဟေ​ဗြုန် မြို့​ရှိ​ဒါ​ဝိဒ်​ထံ​သို့​လာ​ရောက်​လျက်``ကျွန်​တော် တို့သည်​အ​ရှင်​၏သွေး​သား​များ​ဖြစ်​ပါ​၏။-

2. အ​တိတ်​ကာ​လ​က​ရှော​လု​မင်း​ဘု​ရင်​ဖြစ်​စဉ် အ​ခါ​၌ပင်​လျှင် အ​ရှင်​သည်​ဣ​သ​ရေလ​ပြည် သား​တို့​အား​ရှေ့​ဆောင်​၍​တိုက်​ပွဲ​ဝင်​ခဲ့​ပါ​၏။ အ​ရှင်​၏ဘု​ရားသ​ခင်​ထာ​ဝ​ရဘု​ရားက လည်း အ​ရှင်​သည်​ကိုယ်​တော့်လူ​မျိုး​တော်​၏ ခေါင်း​ဆောင်၊ သူ​တို့၏ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား ကြ​၏။-

3. ယင်း​သို့ဣ​သ​ရေလ​အ​မျိုး​သား​ခေါင်း​ဆောင် အ​ပေါင်း​တို့သည် ဟေ​ဗြုန်​မြို့​ရှိ​ဒါ​ဝိဒ်​မင်း​ထံ တော်​သို့​လာ​ရောက်​ကြ​သော​အ​ခါ မင်း​ကြီး​သည် ထာ​ဝ​ရဘု​ရား၏​ရှေ့​တော်​၌ထို​သူ​တို့နှင့်​သစ္စာ မိတ်​ဖွဲ့တော်​မူ​၏။ သူ​တို့သည်​လည်း​ရှ​မွေ​လ​အား ဖြင့်​ထာ​ဝ​ရဘု​ရား​က​တိ​ပေး​တော်​မူ​ခဲ့​သည့် အ​တိုင်း ဒါ​ဝိဒ်​အား​ဘိ​သိက်​ပေး​၍​ဣ​သ​ရေလ ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​ကြ​၏။

4. ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-

5. ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-

6. ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-

7. ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

8. မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 11