ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 11:1-19 Common Language Bible (BCL)

1. ဣ​သ​ရေလ​ပြည်သား​အ​ပေါင်း​တို့သည်​ဟေ​ဗြုန် မြို့​ရှိ​ဒါ​ဝိဒ်​ထံ​သို့​လာ​ရောက်​လျက်``ကျွန်​တော် တို့သည်​အ​ရှင်​၏သွေး​သား​များ​ဖြစ်​ပါ​၏။-

2. အ​တိတ်​ကာ​လ​က​ရှော​လု​မင်း​ဘု​ရင်​ဖြစ်​စဉ် အ​ခါ​၌ပင်​လျှင် အ​ရှင်​သည်​ဣ​သ​ရေလ​ပြည် သား​တို့​အား​ရှေ့​ဆောင်​၍​တိုက်​ပွဲ​ဝင်​ခဲ့​ပါ​၏။ အ​ရှင်​၏ဘု​ရားသ​ခင်​ထာ​ဝ​ရဘု​ရားက လည်း အ​ရှင်​သည်​ကိုယ်​တော့်လူ​မျိုး​တော်​၏ ခေါင်း​ဆောင်၊ သူ​တို့၏ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား ကြ​၏။-

3. ယင်း​သို့ဣ​သ​ရေလ​အ​မျိုး​သား​ခေါင်း​ဆောင် အ​ပေါင်း​တို့သည် ဟေ​ဗြုန်​မြို့​ရှိ​ဒါ​ဝိဒ်​မင်း​ထံ တော်​သို့​လာ​ရောက်​ကြ​သော​အ​ခါ မင်း​ကြီး​သည် ထာ​ဝ​ရဘု​ရား၏​ရှေ့​တော်​၌ထို​သူ​တို့နှင့်​သစ္စာ မိတ်​ဖွဲ့တော်​မူ​၏။ သူ​တို့သည်​လည်း​ရှ​မွေ​လ​အား ဖြင့်​ထာ​ဝ​ရဘု​ရား​က​တိ​ပေး​တော်​မူ​ခဲ့​သည့် အ​တိုင်း ဒါ​ဝိဒ်​အား​ဘိ​သိက်​ပေး​၍​ဣ​သ​ရေလ ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​ကြ​၏။

4. ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-

5. ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-

6. ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-

7. ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

8. မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-

9. ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

10. အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။

11. သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-

12. နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-

13. သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။-

14. သို့ဖြစ်​၍​သူ​သည်​မိ​မိ​၏အ​ဖော်​များ​နှင့် လယ်​ပြင်​အ​လယ်​တွင်​ရပ်​လျက် ဖိ​လိတ္တိ​အ​မျိုး သား​တို့ကို​တိုက်​ခိုက်​လေ​သည်။ ထာ​ဝ​ရ ဘု​ရားသည်​သူ့အား​ကြီးစွာ​သော​အောင်​ပွဲ ကို​ပေး​တော်​မူ​၏။

15. တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။-

16. ထို​အ​ချိန်​၌ဒါ​ဝိဒ်​သည်​အ​ခိုင်​အ​မာ​ခံ တပ်​တည်​ထား​သော​တောင်​ကုန်း​တစ်​ခု​ပေါ် တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုးသား​တစ်​စု​က​လည်း ဗက်​လင်​မြို့ကို​ဝင်​ရောက်​သိမ်း​ပိုက်​၍​ထား ကြ​၏။-

17. ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။-

18. ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။-

19. ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 11