ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 1:1-11 Common Language Bible (BCL)

1. အာ​ဒံ​၏​သား​သည်​ရှေ​သ၊ ရှေ​သ​၏​သား​မှာ ဧ​နုတ်၊ ဧ​နုတ်​၏​သား​ကား​ကာ​ဣ​နန်​ဖြစ်​၏။-

2. ကာ​ဣ​နန်​၏​သား​သည်​မ​ဟာ​လေ​လ၊ မ​ဟာ လေ​လ​၏​သား​ကား​ယာ​ရက်​တည်း။-

3. ယာ​ရက်​၏​သား​သည်​ဧ​နောက်၊ ဧ​နောက်​၏​သား မှာ​မ​သု​ရှ​လ၊ မ​သု​ရှ​လ​၏​သား​ကား​လာ​မက် ဖြစ်​၏။-

4. လာ​မက်​၏​သား​သည်​နော​ဧ​ဖြစ်​၍​နော​ဧ​တွင် ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။

5. ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှ​က​နှင့်​တိ ရတ်​တို့​သည်​မိ​မိ​တို့​နာ​မည်​အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏​ဘိုး​ဘေး များ​ဖြစ်​ကြ​၏။-

6. ဂေါ​မာ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​အာ​ရှ ကေ​နတ်၊ ရိ​ဖတ်​နှင့်​တော​ဂါ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။-

7. ယာ​ဝန်​မှ​ဆင်း​သက်​လာ​သူ​များ​သည်​ဧ​လိ​ရှာ၊ တာ​ရှု၊ ကိတ္တိမ်​နှင့်​ဒေါ​ဒါ​နိမ်​အ​မျိုး​သား​များ ဖြစ်​ကြ​၏။

8. ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လိ​ဘိ​ယ​နှင့်​ခါ​နာန်​တို့​သည်​မိ​မိ​တို့​၏​နာ​မည် အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။-

9. ကု​ရှ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ​နှင့်​သတ္တေ​ခါ အ​မျိုး​သား​များ​ဖြစ်​ပေ​သည်။ ရာ​ဂ​မ​မှ ဆင်း​သက်​လာ​သူ​များ​သည်​ရှေ​ဘ​နှင့် ဒေ​ဒန်​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-

10. (ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သော​သား​တစ် ယောက်​ရှိ​၏။ သူ​သည်​ကမ္ဘာ​ပေါ်​တွင်​ပ​ထ​မ အ​ဦး​ဆုံး​လူ​စွမ်း​ကောင်း​ဖြစ်​လာ​၏။-)

11. အီ​ဂျစ်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​လု​ဒိန်၊ အာ​န​မိမ်၊ လ​ဟာ​ဗိမ်၊ နတ္တု​ဟိမ်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 1