ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 9:19-27 Common Language Bible (BCL)

19. ရှ​မွေ​လ​က``ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ​သည် ငါ ပင်​ဖြစ်​၏။ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော် သို့​ငါ​၏​ရှေ့​မှ​သွား​လော့။ သင်​တို့​နှစ်​ယောက် စ​လုံး ယ​နေ့​ငါ​နှင့်​အ​တူ​စား​သောက်​ရ​ကြ မည်။ နက်​ဖြန်​နံ​နက်​၌​ငါ​သည်​သင်​တို့​၏​မေး ခွန်း​ရှိ​သ​မျှ​ကို​ဖြေ​ကြား​ပြီး​နောက် သင် တို့​အား​အိမ်​သို့​ပြန်​စေ​မည်။-

20. လွန်​ခဲ့​သော​သုံး​ရက်​က​ပျောက်​ဆုံး​ခဲ့​သည့် မြည်း​များ​အ​တွက် ကို​မူ​မ​စိုး​ရိမ်​နှင့်။ ယင်း တို့​ကို​ပြန်​၍​တွေ့​ရှိ​ပြီး​ဖြစ်​၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လွန်​စွာ​လို​လား တောင့်​တ​နေ​သူ​ကား​အ​ဘယ်​သူ​နည်း။ သင် နှင့်​သင့်​အ​ဖ​၏​အိမ်​ထောင်​စု​ပင်​မ​ဟုတ် လော'' ဟု​ပြန်​ပြော​၏။

21. ရှော​လု​က``အ​ကျွန်ုပ်​သည် ဗင်္ယာ​မိန်​အ​နွယ်​ဝင် ဖြစ်​ပါ​၏။ ထို​သား​ချင်း​စု​သည်​ဣ​သ​ရေ​လ အ​မျိုး​တွင်​အ​သေး​ငယ်​ဆုံး​ဖြစ်​ပါ​၏။ အ ကျွန်ုပ်​၏​အိမ်​ထောင်​စု​သည်​လည်း ထို​သား​ချင်း စု​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား ဤ​သို့​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။

22. ထို​နောက်​ရှ​မွေ​လ​သည် ရှော​လု​နှင့်​သူ​၏ အ​စေ​ခံ​ကို​ဧည့်​ခန်း​သို့​ခေါ်​သွား​ပြီး​လျှင် ဧည့်​သည်​စု​စု​ပေါင်း​သုံး​ဆယ်​ထိုင်​လျက်​နေ သော​စား​ပွဲ​ထိပ်​တွင်​နေ​ရာ​ချ​ထား​ပေး​၏။-

23. ရှ​မွေ​လ​က​စား​တော်​ကဲ​အား``သင့်​အား​သီး သန့်​ထား​ရှိ​ရန် ငါ​မှာ​ကြား​ထား​သည့်​အ​မဲ သား​တုံး​ကို​ယူ​ခဲ့​လော့'' ဟု​ဆို​၏။-

24. သို့​ဖြစ်​၍​စား​တော်​ကဲ​သည်​လက်​ရွေး​စင်​ပေါင် တစ်​ပေါင်​ကို​ယူ​လာ​ပြီး​လျှင် ရှော​လု​၏​ရှေ့​တွင် ချ​ထား​လေ​၏။ ရှ​မွေ​လ​က``ဤ​အ​ရာ​ကား သင်​၏​အ​တွက်​သီး​သန့်​ဖယ်​ထား​သော​အ​သား ဖြစ်​၏။ ယူ​၍​စား​လော့။ ငါ​ဖိတ်​ခေါ်​ထား​သူ​တို့ နှင့်​အ​တူ​ယ​ခု​အ​ချိန်​၌​သင်​စား​ရန်​ဤ အ​သား​ကို​ငါ​ဖယ်​ထား​ခဲ့​၏'' ဟု​ဆို​၏။ထို့​ကြောင့်​ရှော​လု​သည် ထို​နေ့​၌​ရှ​မွေ​လ​နှင့် အ​တူ​စား​သောက်​လေ​၏။-

25. သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင် အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။-

26. ရှော​လု​သည်​လည်း​အိပ်​ရာ​တွင်​အိပ်​လေ​၏။အ​ရုဏ်​တက်​ချိန်​၌​ရှ​မွေ​လ​သည်​အိမ်​ခေါင်​မိုး​ထက် တွင်​ရှိ​သော​ရှော​လု​အား``ထ​လော့။ သင်​အိမ်​ပြန်​ရန် ခ​ရီး​လမ်း​သို့​ငါ​ပို့​ဆောင်​ပေး​အံ့'' ဟု​အော်​၍​ပြော သော​အ​ခါ​ရှော​လု​သည်​အိပ်​ရာ​မှ​ထ​လေ​၏။ ထို နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည်​အ​တူ​တ​ကွ​ထွက် သွား​ကြ​၏။-

27. သူ​တို့​သည်​မြို့​စွန်​မြို့​ဖျား​သို့​ရောက်​သော​အ​ခါ ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​၏​အ​စေ​ခံ​ကို​ငါ တို့​ရှေ့​က​သွား​နှင့်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​လည်း​သွား​နှင့်​၏။ ထို​အ​ခါ​ရှ​မွေ​လ က``ဤ​တွင်​ခေတ္တ​ရပ်​နား​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​သင့်​အား​ငါ​ဖော်​ပြ​ပေ​အံ့'' ဟု ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 9