ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 9:1-4 Common Language Bible (BCL)

1. ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ နာ​မည်​မှာ​ကိ​ရှ​ဖြစ်​၏။ သူ့​အ​ဖ​သည်​အ​ဗျေ​လ၊ အ​ဖိုး​ကား​ဇေ​ရော်​ဖြစ်​၏။ သူ​သည်​အာ​ဖိ​သား ချင်း​စု​ဝင်​ဖြစ်​သော​ဗေ​ခေါ​ရတ်​အိမ်​ထောင်​စု မှ​ဆင်း​သက်​လာ​သူ​တည်း။ ကိ​ရှ​သည်​ချမ်း​သာ ကြွယ်​ဝ​၍​သြ​ဇာ​တိ​က္က​မ​ရှိ​သူ​တစ်​ယောက် ဖြစ်​ပေ​သည်။-

2. သူ့​မှာ​ရှော​လု​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ထို​သား​သည်​ပျို​ရွယ်​၍​အ​ဆင်း လှ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ တို့​ထက်​အ​ရပ်​တစ်​ပေ​မျှ​ပို​၍​မြင့်​၏။ အ​ဆင်း​လည်း​ပို​၍​လှ​၏။

3. ကိ​ရှ​သည်​မိ​မိ​၏​မြည်း​အ​ချို့​ပျောက်​သွား သ​ဖြင့် ရှော​လု​အား``အ​စေ​ခံ​တစ်​ယောက်​ကို ခေါ်​ပြီး​လျှင်​မြည်း​တို့​ကို​လိုက်​ရှာ​ပါ​လော့'' ဟု​ဆို​၏။-

4. သူ​တို့​နှစ်​ယောက်​သည်​ဧ​ဖ​ရိမ်​တောင်​ပိုင်း အ​ရပ်​နှင့် ရှ​လိ​ရှ​ဒေ​သ​တစ်​လျှောက်​တွင် ရှာ​ဖွေ​ကြ​သော်​လည်း​မြည်း​များ​ကို​မ​တွေ့ ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​ရှာ​လိမ်​ဒေ​သ တစ်​လျှောက်​တွင်​ရှာ​ကြ​၏။ သို့​ရာ​တွင်​မြည်း တို့​သည်​ထို​အ​ရပ်​တွင်​မ​ရှိ။ ထို​နောက်​သူ တို့​သည်​ဗင်္ယာ​မိန်​နယ်​တွင်​လိုက်​၍​ရှာ​ကြ​၏။ ဤ​အ​ရပ်​တွင်​လည်း​မြည်း​တို့​ကို​မ​တွေ့ ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 9