ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 8:8-13 Common Language Bible (BCL)

8. သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။-

9. သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။

10. ရှ​မွေ​လ​သည်​ဘု​ရင်​ခန့်​ပေး​ရန် မိ​မိ​ထံ တောင်း​ဆို​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သ​မျှ​တို့​ကို​ပြန်​ကြား​လေ​၏။-

11. သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။-

12. သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။-

13. သင်​တို့​၏​သ​မီး​များ​သည်​လည်း​ဘု​ရင်​အ​တွက် နံ့​သာ​အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး​ဖော်​စပ်​သူ များ၊ စား​တော်​ကဲ​များ၊ မုန့်​ဖုတ်​လုပ်​သူ​များ ဖြစ်​ရ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 8