11. သူက``သင်တို့ကိုအုပ်စိုးသောဘုရင်သည် သင်တို့သားများကိုစစ်မှုထမ်းစေလိမ့်မည်။ အချို့သောသူတို့ကိုရထားတပ်၌လည်း ကောင်း၊ အချို့ကိုမြင်းတပ်၌လည်းကောင်း၊ အချို့ကိုအထူးထိုးစစ်ဆင်ရာတပ်များ ၌လည်းကောင်းအမှုထမ်းစေလိမ့်မည်။-
12. သူသည်အချို့ကိုလူတစ်ထောင်တပ်မှူးများ၊ အချို့ကိုလူငါးဆယ်တပ်မှူးများအဖြစ် ခန့်ထားလိမ့်မည်။ သင်တို့၏သားများသည် ဘုရင်၏လယ်များကိုထွန်၍ သူ၏စပါးများ ကိုရိတ်သိမ်းရလိမ့်မည်။ သူ၏လက်နက်များ၊ စစ်ရထားတန်ဆာများကိုပြုလုပ်ရကြ လိမ့်မည်။-
13. သင်တို့၏သမီးများသည်လည်းဘုရင်အတွက် နံ့သာအမွှေးအကြိုင်အမျိုးမျိုးဖော်စပ်သူ များ၊ စားတော်ကဲများ၊ မုန့်ဖုတ်လုပ်သူများ ဖြစ်ရကြလိမ့်မည်။-
14. သူသည်သင်တို့၏အကောင်းဆုံးလယ်ယာ များ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများ ကိုသိမ်းယူကာ မိမိ၏အမှုထမ်းတို့အား ပေးအပ်လိမ့်မည်။-
15. သူသည်ဂျုံဆန်နှင့်စပျစ်သီးဆယ်ပုံတစ်ပုံ ကို မိမိ၏နန်းတွင်းအရာရှိများနှင့်အခြား အမှုထမ်းအရာထမ်းတို့အတွက်သိမ်းယူ လိမ့်မည်။-
16. သင်တို့၏အစေခံများ၊ အကောင်းဆုံးသော နွားများ နှင့်မြည်းများကိုသိမ်းယူကာမိမိအဖို့ ခိုင်းစေအသုံးပြုလိမ့်မည်။-
17. သူသည်သင်တို့သိုးအုပ်များ၏ဆယ်ပုံတစ် ပုံကိုသိမ်းယူလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် လျှင်သူ၏ထံ၌ကျွန်ခံရကြလိမ့်မည်။-
18. ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
19-20. လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။-
21. ရှမွေလသည်သူတို့ပြောသမျှကိုနားထောင် ပြီးနောက် ထာဝရဘုရားထံတော်သို့ဝင်၍ လျှောက်ထား၏။-
22. ထာဝရဘုရားက``သူတို့အလိုရှိသည် အတိုင်းဘုရင်ကိုခန့်ပေးလော့'' ဟုမိန့်တော် မူလျှင်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား မိမိတို့နေရပ် အသီးသီးသို့ပြန်သွားစေ၏။