ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 8:1-6 Common Language Bible (BCL)

1. ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။-

2. သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။-

3. သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။

4. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊-

5. ``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-

6. ယင်း​သို့​ဘု​ရင်​ခန့်​ထား​ပေး​ရန်​လူ​တို့​တောင်း ဆို​ကြ​သည်​ကို ရှ​မွေ​လ​မ​နှစ်​သက်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 8