9. လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
10. သူတို့သည်ယဇ်ပုရောဟိတ်တို့စေခိုင်းသည့် အတိုင်း နွားမနှစ်ကောင်ကိုလှည်းတွင်တပ်၍ နွားငယ်ကလေးများကိုခြံတွင်လှောင်ထား ကြ၏။-
11. ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။-
12. နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။
13. ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။-
14. လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။-
15. လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။-
16. ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဤအခြင်း အရာကိုကြည့်ရှုကြပြီးနောက် ထိုနေ့၌ပင် ဧကြုန်မြို့သို့ပြန်သွားကြ၏။