ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 6:15-21 Common Language Bible (BCL)

15. လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့် ရွှေ​ရုပ်​များ​ပါ ရှိ​သည့်​သေတ္တာ​ကို​ချီ​ပင့်​ပြီး​လျှင်​ကျောက်​တုံး ကြီး​ပေါ်​တွင်​တင်​ထား​ကြ​၏။ ထို​နောက်​ဗက် ရှေ​မက်​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ​ဇော် သကာ​များ​ကို​တင်​လှူ​ကြ​၏။-

16. ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။

17. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-

18. သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။

19. ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။

20. သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-

21. ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 6