ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 6:1-8 Common Language Bible (BCL)

1. ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊-

2. ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။

3. ထို​သူ​တို့​က``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြန်​ပို့​မည်​ဆို​လျှင်​ပူ ဇော်​သ​ကာ​မ​ပါ​၍​မ​ဖြစ်။ သင်​တို့​၏​အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ကို​ပါ​ပေး​လှူ​ရ​ကြ မည်။ ယင်း​သို့​ပြု​လျှင်​သင်​တို့​သည်​အ​နာ ရော​ဂါ​ပျောက်​ကင်း​ကြ​လိမ့်​မည်။ ကိုယ်​တော် သည်​သင်​တို့​အား အ​ဘယ်​ကြောင့်​ဒဏ်​ခတ် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​သိ​ရှိ ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။

4. ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင်သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊-

5. အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-

6. သင်​တို့​သည်​အ​ဘယ်​ကြောင့်​အီ​ဂျစ်​ဘု​ရင် နှင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့​ခေါင်း​မာ နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ ခွင့်​မ​ပြု​မ​ချင်း​ဘု​ရား​သ​ခင်​သည် သူ​တို့ အား​အ​ဘယ်​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​မေ့​ကြ​နှင့်။-

7. သို့​ဖြစ်​၍​လှည်း​သစ်​ကို​ပြု​လုပ်​ပြီး​နောက် တစ် ခါ​မျှ​ထမ်း​ပိုး​မ​တင်​ဘူး​သေး​သော​သား​ငယ် ရှိ​သည့်​နွား​မ​နှစ်​ကောင်​ကို​လှည်း​၌​တပ်​၍ သား​ငယ်​တို့​ကို​မူ​ခြံ​သို့​ပြန်​ပို့​လော့။-

8. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လှည်း​ပေါ်​သို့​တင်​ပြီး​လျှင် သင်​တို့​၏ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော​ရွှေ ရုပ်​တု​များ​ကို​အ​ခြား​သော​သေတ္တာ​တစ်​လုံး တွင်​ထည့်​၍​သေတ္တာ​တော်​အ​နီး​၌​ထား​လော့။ ထို နောက်​လှည်း​ကို​အ​လို​ရှိ​ရာ​သို့​ထွက်​ခွာ​သွား စေ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 6