ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 5:7-10 Common Language Bible (BCL)

7. သူ​တို့​သည်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ကြ​သော​အ​ခါ``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သော​ဘု​ရား​သည်​ငါ​တို့​နှင့် ငါ​တို့​၏​ဒါ​ဂုန်​ဘု​ရား​အား​ဒဏ်​ခတ်​တော်​မူ လေ​ပြီ။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဤ​အ​ရပ် တွင်​ငါ​တို့​ဆက်​လက်​ထား​ရှိ​၍​ဖြစ်​တော့ မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

8. ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။ဘု​ရင်​တို့​က``ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား ကြ​လော့'' ဟု​ဆို​သ​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ် သော​ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား​ကြ​၏။-

9. သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-

10. သို့​ဖြစ်​၍​သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ်​သော​ဧ​ကြုန်​မြို့ သို့​ပို့​လိုက်​ကြ​၏။ ထို​မြို့​သို့​သေတ္တာ​တော်​ရောက် ရှိ​သော​အ​ခါ​လူ​တို့​က``သူ​တို့​သည်​ငါ​တို့ ရှိ​သ​မျှ​ကို​သတ်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သည့်​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ငါ​တို့​ထံ​သို့​ပင့်​ဆောင်​လာ​ကြ​လေ ပြီ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 5