ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 31:5-13 Common Language Bible (BCL)

5. ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။-

6. ဤ​ကား​ရှော​လု​သား​တော်​သုံး​ပါး​နှင့် လူ​ငယ် တို့​သေ​ရ​ကြ​ပုံ​ဖြစ်​ပေ​သည်။ ထို​နေ့​၌​ရှော​လု ၏​လူ​အ​ပေါင်း​တို့​သည်​သေ​ဆုံး​ကြ​ကုန်​၏။-

7. ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တစ်​ဘက်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဣ​သ​ရေ​လ​တပ်​မ​တော်​ထွက်​ပြေး​ပြီ ဖြစ်​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​မြို့​များ​ကို​စွန့်​၍​ထွက်​ပြေး​ကြ​ကုန်​၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လာ ရောက်​၍​ထို​မြို့​များ​တွင်​နေ​ထိုင်​ကြ​၏။

8. တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။-

9. သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-

10. ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။

11. ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့ သား​တို့​ကြား​သိ​ကြ​သော​အ​ခါ၊-

12. သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-

13. ထို​နောက်​အ​ရိုး​တို့​ကို​ကောက်​ယူ​၍​မြို့​ရှိ မန်​ကျည်း​ပင်​အောက်​တွင်​မြှုပ်​နှံ​ပြီး​နောက် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင်​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 31