ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 31:1-8 Common Language Bible (BCL)

1. ဂိ​လ​ဗော​တောင်​ပေါ်​တွင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တိုက်​ပွဲ ဖြစ်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ အ​ပြား​ကျ​ဆုံး​ကြ​၏။ ကျန်​သော​သူ​တို့ သည်​ထွက်​ပြေး​ကြ​၏။-

2. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရှော​လု​၏​သား များ​ဖြစ်​ကြ​သော​ယော​န​သန်၊ အ​ဘိ​န​ဒပ် နှင့်​မေ​လ​ခိ​ရွှ​တို့​ကို လိုက်​၍​မီ​သ​ဖြင့် သတ်​ဖြတ်​လိုက်​ကြ​၏။-

3. ရှော​လု​၏​ပတ်​လည်​တွင်​တိုက်​ပွဲ​ပြင်း​ထန်​သည် ဖြစ်​၍ မင်း​ကြီး​ကိုယ်​တိုင်​ပင်​မြား​မှန်​သ​ဖြင့် ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-

4. မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-

5. ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။-

6. ဤ​ကား​ရှော​လု​သား​တော်​သုံး​ပါး​နှင့် လူ​ငယ် တို့​သေ​ရ​ကြ​ပုံ​ဖြစ်​ပေ​သည်။ ထို​နေ့​၌​ရှော​လု ၏​လူ​အ​ပေါင်း​တို့​သည်​သေ​ဆုံး​ကြ​ကုန်​၏။-

7. ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တစ်​ဘက်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဣ​သ​ရေ​လ​တပ်​မ​တော်​ထွက်​ပြေး​ပြီ ဖြစ်​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​မြို့​များ​ကို​စွန့်​၍​ထွက်​ပြေး​ကြ​ကုန်​၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လာ ရောက်​၍​ထို​မြို့​များ​တွင်​နေ​ထိုင်​ကြ​၏။

8. တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 31