ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 30:8-15 Common Language Bible (BCL)

8. ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။

9. သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-

10. ဒါ​ဝိဒ်​သည်​လူ​လေး​ရာ​နှင့်​ဆက်​၍​သွား​၏။ အ​ခြား​လူ​နှစ်​ရာ​မှာ​မော​ပန်း​လွန်း​သ​ဖြင့် ချောင်း​ကို​မ​ကူး​နိုင်​ဘဲ​နေ​ရစ်​ကြ​၏။

11. ဒါ​ဝိဒ်​နှင့်​ပါ​လာ​သော​လူ​တို့​သည် အီ​ဂျစ် အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​ကို​ကျေး​တော တွင်​တွေ့​၍​ဒါ​ဝိဒ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သူ​တို့​သည်​ထို​လူ​ငယ်​အား​အ​စား​အ​စာ နှင့်​ရေ​ကို​လည်း​ကောင်း၊-

12. သင်္ဘော​သ​ဖန်း​သီး​ခြောက်​အ​နည်း​ငယ်​နှင့် စ​ပျစ် သီး​ခြောက်​နှစ်​ပြွတ်​ကို​လည်း​ကောင်း​ပေး​ကြ​၏။ လူ​ငယ်​သည်​ထို​အ​စား​အ​စာ​များ​ကို​စား​ပြီး နောက်​ပြန်​၍​အား​ပြည့်​လာ​လေ​သည်။ သူ​သည် သုံး​ရက်​တိုင်​တိုင်​မည်​သည့်​အ​စာ​ရေ​စာ​မျှ မ​စား​မ​သောက်​ခဲ့​ရ။-

13. ဒါ​ဝိဒ်​သည်​သူ့​အား``သင်​၏​သ​ခင်​ကား​မည်​သူ နည်း။ သင်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု မေး​၏။လူ​ငယ်​က``ကျွန်​တော်​သည်​အာ​မ​လက်​အ​မျိုး သား​တစ်​ဦး​၏​ကျွန်၊ အီ​ဂျစ်​လူ​မျိုး​ဖြစ်​ပါ​၏။ ဖျား​နာ​နေ​သော​ကြောင့်​ကျွန်​တော်​အား​လွန်​ခဲ့ သည့်​သုံး​ရက်​က​ပင်​သ​ခင်​က​ထား​ခဲ့​ပါ​၏။-

14. ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။

15. ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊လူ​ငယ်​က``အ​ရှင်​သည်​ကျွန်​တော်​ကို​မ​သတ်၊ ကျွန်​တော်​၏​သ​ခင်​လက်​သို့​မ​ပေး​အပ်​ပါ​ဟူ ၍​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​လျှင်​အ​ရှင့်​အား​လမ်း​ပြ​ပါ မည်'' ဟု​ဆို​ပြီး​လျှင်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 30