ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 30:24-29 Common Language Bible (BCL)

24. သင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​အ​ဘယ်​သူ​မျှ လက်​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​လုံး​ညီ တူ​ညီ​မျှ​ခွဲ​ဝေ​ယူ​ရ​ကြ​မည်။ စ​ခန်း​စောင့်​နေ ရစ်​ခဲ့​သူ​သည်​စစ်​ပွဲ​ဝင်​ရန်​သွား​ရောက်​သူ​ရ​ရှိ သည့်​အ​တိုင်း​ပင်​ရ​ရှိ​စေ​ရ​မည်'' ဟု​ဆို​၏။-

25. ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။

26. ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-

27. သူ​သည်​ပစ္စည်း​အချို့​ကို​လည်း​ဗေ​သ​လ​မြို့၊ ယု​ဒ​ပြည်​တောင်​ပိုင်း​ရှိ​ရာ​မ​မြို့၊ ယတ္တိ​ယ​မြို့၊-

28. အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊-

29. ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​သား​ချင်း​စု​တို့​နေ ထိုင်​ရာ​မြို့၊ ကေ​နိ​သား​ချင်း​စု​တို့​နေ​ထိုင်​ရာ​မြို့၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 30