ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 30:15-26 Common Language Bible (BCL)

15. ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊လူ​ငယ်​က``အ​ရှင်​သည်​ကျွန်​တော်​ကို​မ​သတ်၊ ကျွန်​တော်​၏​သ​ခင်​လက်​သို့​မ​ပေး​အပ်​ပါ​ဟူ ၍​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​လျှင်​အ​ရှင့်​အား​လမ်း​ပြ​ပါ မည်'' ဟု​ဆို​ပြီး​လျှင်၊-

16. ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ထို​သူ​တို့​သည်​ဖိ​လိတ္တိ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​မှ ပစ္စည်း​ဥစ္စာ​အ​မြောက်​အ​မြား​ကို သိမ်း​ယူ​ရ​ရှိ​ခဲ့ သ​ဖြင့် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​စား​သောက်​ကာ အောင်​ပွဲ​ခံ​လျက်​နေ​ကြ​၏။-

17. ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​မှ​အ​စ ပြု​၍​ညဥ့်​ဦး​တိုင်​အောင် သူ​တို့​အား​တိုက်​ခိုက်​ရာ ကု​လား​အုတ်​စီး​သူ​လူ​ငယ်​လေး​ရာ​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထွက်​မ​ပြေး​နိုင်​ချေ။-

18. ဒါ​ဝိဒ်​သည်​မိ​မိ​မ​ယား​နှစ်​ယောက်​နှင့်​တ​ကွ အာ​မ​လက်​အ​မျိုး​သား​တို့​သိမ်း​ယူ​သွား သ​မျှ​တို့​ကို​ပြန်​လည်​ရ​ရှိ​လိုက်​လေ​သည်။-

19. အ​ဘယ်​အ​ရာ​မျှ​ပျောက်​ဆုံး​မှု​မ​ရှိ။ ဒါ​ဝိဒ် သည်​မိ​မိ​လူ​စု​၏​သား​သ​မီး​အ​ပေါင်း​ကို လည်း​ကောင်း၊ အာ​မ​လက်​အ​မျိုး​သား​တို့​တိုက် ယူ​သွား​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း ပြန်​၍​ရ​လေ​သည်။-

20. သူ​တို့​လူ​စု​သည် သိုး​အုပ်​နွား​အုပ်​တို့​ကို​လည်း​ပြန်​လည်​ရ​ရှိ​သ ဖြင့် မိ​မိ​တို့​ရှေ့​တွင်​မောင်း​နှင်​ကာ``ဤ​သိုး​နွား​များ ကား​ဒါ​ဝိဒ်​ပိုင်​ပစ္စည်း​များ​ဖြစ်​သည်'' ဟု​ဆို​ကြ​၏။

21. ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။-

22. သို့​ရာ​တွင်​ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​ပါ​သွား​သူ​များ အ​နက် စိတ်​သ​ဘော​ထား​သေး​သိမ်​ယုတ်​မာ​သော​လူ အ​ချို့​တို့​က``ထို​သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​မ​လိုက် ခဲ့​ကြ​သ​ဖြင့် သူ​တို့​အား​တိုက်​ရာ​ပါ​ပစ္စည်း​ကို​မျှ မ​ပေး​နိုင်​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​သား​သ​မီး များ​ကို​ခေါ်​၍​ထွက်​ခွာ​သွား​နိုင်​ပါ​သည်'' ဟု​ဆို ကြ​၏။

23. သို့​သော်​ဒါ​ဝိဒ်​က``ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ပစ္စည်း​ဥစ္စာ​များ ကို​သင်​တို့​ဤ​သို့​မ​ပြု​ရ။ ကိုယ်​တော်​သည်​ငါ​တို့ အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ ငါ​တို့​မြို့ ကို​ချင်း​နင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သူ​တို့​အား နှိမ်​နင်း​နိုင်​ခွင့်​ပေး​တော်​မူ​၏။-

24. သင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​အ​ဘယ်​သူ​မျှ လက်​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​လုံး​ညီ တူ​ညီ​မျှ​ခွဲ​ဝေ​ယူ​ရ​ကြ​မည်။ စ​ခန်း​စောင့်​နေ ရစ်​ခဲ့​သူ​သည်​စစ်​ပွဲ​ဝင်​ရန်​သွား​ရောက်​သူ​ရ​ရှိ သည့်​အ​တိုင်း​ပင်​ရ​ရှိ​စေ​ရ​မည်'' ဟု​ဆို​၏။-

25. ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။

26. ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 30