ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 30:14-19 Common Language Bible (BCL)

14. ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။

15. ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊လူ​ငယ်​က``အ​ရှင်​သည်​ကျွန်​တော်​ကို​မ​သတ်၊ ကျွန်​တော်​၏​သ​ခင်​လက်​သို့​မ​ပေး​အပ်​ပါ​ဟူ ၍​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​လျှင်​အ​ရှင့်​အား​လမ်း​ပြ​ပါ မည်'' ဟု​ဆို​ပြီး​လျှင်၊-

16. ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ထို​သူ​တို့​သည်​ဖိ​လိတ္တိ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​မှ ပစ္စည်း​ဥစ္စာ​အ​မြောက်​အ​မြား​ကို သိမ်း​ယူ​ရ​ရှိ​ခဲ့ သ​ဖြင့် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​စား​သောက်​ကာ အောင်​ပွဲ​ခံ​လျက်​နေ​ကြ​၏။-

17. ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​မှ​အ​စ ပြု​၍​ညဥ့်​ဦး​တိုင်​အောင် သူ​တို့​အား​တိုက်​ခိုက်​ရာ ကု​လား​အုတ်​စီး​သူ​လူ​ငယ်​လေး​ရာ​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထွက်​မ​ပြေး​နိုင်​ချေ။-

18. ဒါ​ဝိဒ်​သည်​မိ​မိ​မ​ယား​နှစ်​ယောက်​နှင့်​တ​ကွ အာ​မ​လက်​အ​မျိုး​သား​တို့​သိမ်း​ယူ​သွား သ​မျှ​တို့​ကို​ပြန်​လည်​ရ​ရှိ​လိုက်​လေ​သည်။-

19. အ​ဘယ်​အ​ရာ​မျှ​ပျောက်​ဆုံး​မှု​မ​ရှိ။ ဒါ​ဝိဒ် သည်​မိ​မိ​လူ​စု​၏​သား​သ​မီး​အ​ပေါင်း​ကို လည်း​ကောင်း၊ အာ​မ​လက်​အ​မျိုး​သား​တို့​တိုက် ယူ​သွား​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း ပြန်​၍​ရ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 30