ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 3:13-21 Common Language Bible (BCL)

13. သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-

14. သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

15. ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။-

16. ဧ​လိ​က``ငါ့​သား​ရှ​မွေ​လ'' ဟု​ခေါ်​လျှင်၊``ရှိ​ပါ​သည်​အ​ရှင်'' ဟု​လျှောက်​၏။

17. ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-

18. ထို့​ကြောင့်​ရှ​မွေ​လ​သည်​အ​ဘယ်​အ​ရာ​ကို​မျှ ချန်​လှပ်​၍​မ​ထား​ဘဲ မိန့်​တော်​မူ​သ​မျှ​ကို​ပြန် ကြား​လျှောက်​ထား​လေ​၏။ ဧ​လိ​က``ကိုယ်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ အ​လို တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

19. ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။-

20. သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။-

21. ရှိ​လော​မြို့​သည်​ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ်​၏။ ကိုယ်​တော် သည်​ထို​မြို့​တွင်​အ​ကြိမ်​ကြိမ်​ထင်​ရှား​တော် မူ​၏။ ရှ​မွေ​လ​မိန့်​ကြား​သည့်​အ​ခါ​များ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နာ​ခံ ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 3