ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 28:8-16 Common Language Bible (BCL)

8. ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။

9. ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။

10. ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊

11. နတ်​ဝင်​သည်​မ​က``သင့်​အ​တွက်​အ​ဘယ်​သူ ကို​ခေါ်​ပေး​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ ရှော​လု က``ရှ​မွေ​လ'' ဟု​ဆို​၏။

12. နတ်​ဝင်​သည်​မ​သည်​ရှ​မွေ​လ​ကို​မြင်​လျှင် အ​သံ​ကုန်​အော်​၍​ရှော​လု​အား``အ​ဘယ်​ကြောင့် ကျွန်​မ​အား​လိမ်​လည်​လှည့်​စား​တော်​မူ​ပါ သ​နည်း။ အ​ရှင်​ကား​ရှော​လု​ဘု​ရင်​ပင်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ဆို​၏။

13. မင်း​ကြီး​က​လည်း``မ​ကြောက်​နှင့်။ သင်​မြင်​သည့် အ​ရာ​ကို​ငါ့​အား​ဖော်​ပြ​လော့'' ဟု​မိန့်​တော် မူ​၏။ထို​အ​မျိုး​သ​မီး​က``မြေ​ထဲ​မှ​နတ်​တစ်​ပါး ပေါ်​ထွက်​လာ​သည်​ကို​ကျွန်​မ​မြင်​ပါ​၏'' ဟု ဆို​လျှင်၊

14. ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။

15. ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။

16. ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို စွန့်​တော်​မူ​၍​ရန်​ဘက်​ဖြစ်​ပါ​လျက် သင် သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ယူ​ပါ သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 28