ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 28:15-25 Common Language Bible (BCL)

15. ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။

16. ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို စွန့်​တော်​မူ​၍​ရန်​ဘက်​ဖြစ်​ပါ​လျက် သင် သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ယူ​ပါ သ​နည်း။-

17. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဖြင့်​မိန့်​မြွက် တော်​မူ​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင့်​ကို​ပြု တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​၏​နိုင်​ငံ ကို​သင့်​ထံ​မှ​ရုပ်​သိမ်း​၍​ဒါ​ဝိဒ်​အား​ပေး အပ်​တော်​မူ​လေ​ပြီ။-

18. သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​ကို လွန်​ဆန်​၍ အာ​မ​လက်​အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့​ကို​အ​ကုန် အ​စင်​မ​ဖျက်​ဆီး​သ​ဖြင့် ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​ဤ​သို့​ဒဏ်​ခတ်​တော် မူ​ခြင်း​ဖြစ်​၏။-

19. ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ​ဣ​သ​ရေ​လ နိုင်​ငံ​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်။ နက်​ဖြန်​ခါ​သင် နှင့်​သင်​၏​သား​တို့​သည်​ငါ​ရှိ​ရာ​အရပ်​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို လည်း ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

20. ရှ​မွေ​လ​၏​စ​ကား​ကြောင့်​ရှော​လု​သည်​ထိတ် လန့်​ကာ​ရုတ်​တ​ရက်​မြေ​ပေါ်​သို့​လဲ​ကျ​ပြီး လျှင် အ​လျား​မှောက်​၍​နေ​လေ​သည်။ သူ​သည် တစ်​နေ့​လုံး​တစ်​ညဥ့်​လုံး​မည်​သည့်​အ​စား အ​စာ​ကို​မျှ​မ​စား​သ​ဖြင့်​အား​အင် ချည့်​နဲ့​၍​နေ​၏။-

21. နတ်​ဝင်​သည်​မ​သည်​သူ့​အား​သွား​၍​ကြည့် ရာ​ထိတ်​လန့်​လျက်​နေ​သည်​ကို​တွေ့​သ​ဖြင့် ``အ​ရှင်၊ ကျွန်​မ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍ အ​ရှင်​ခိုင်း​စေ​ရာ​ကို​ပြု​ခဲ့​ပါ​၏။-

22. ယ​ခု​ကျွန်​မ​လျှောက်​ထား​သည့်​အ​တိုင်း​အ​ရှင် ပြု​တော်​မူ​ပါ။ အ​ရှင့်​အား​ကျွန်​မ​အ​စား အ​စာ​အ​နည်း​ငယ်​ကို​ရှေ့​တော်​၌​တင်​ပါ​ရ စေ။ အ​ရှင်​သည်​ခ​ရီး​ပြု​နိုင်​အောင်​ခွန်​အား ရ​ရှိ​ရန်​စား​တော်​ခေါ်​ပါ'' ဟု​လျှောက်​၏။

23. ရှော​လု​က​မိ​မိ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​စား လို​ကြောင်း​ငြင်း​ဆန်​၍​နေ​၏။ သို့​ရာ​တွင်​သူ​၏ ငယ်​သား​တို့​က​ဝိုင်း​၍​တိုက်​တွန်း​ကြ​သ​ဖြင့် သူ​သည်​နောက်​ဆုံး​၌​အ​လျော့​ပေး​ပြီး​လျှင် မြေ​ပေါ်​မှ​ထ​၍​ကု​တင်​ပေါ်​တွင်​ထိုင်​တော် မူ​၏။-

24. နတ်​ဝင်​သည်​မ​လည်း​မိ​မိ​ဝ​အောင်​ကျွေး​ထား သည့်​နွား​ငယ်​ကို​အ​လျင်​အ​မြန်​စီ​ရင်​၍ မုန့် ညက်​အ​နည်း​ငယ်​ကို​နယ်​ကာ​တ​ဆေး​မ​ပါ သော​မုန့်​ကို​ဖုတ်​လေ​၏။-

25. ထို​နောက်​ထို​အ​စား​အ​စာ​ကို​ရှော​လု​နှင့် ငယ်​သား​တို့​အား​ကျွေး​၏။ သူ​တို့​သည်​စား သောက်​ကြ​ပြီး​လျှင်​ထို​ညဥ့်​၌​ပင်​ထွက် ခွာ​သွား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 28