1. ကာလအနည်းငယ်ကြာသောအခါဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလပြည်ကို တိုက်ခိုက်ရန်စစ်သည်များကိုစုရုံးကြ၏။ ထိုအခါအာခိတ်သည်ဒါဝိဒ်အား``သင်တို့ လူစုသည်ငါ၏ဘက်မှနေ၍တိုက်ရကြ မည်'' ဟုဆိုလျှင်၊
2. ဒါဝိဒ်က``မှန်လှပါ။ အကျွန်ုပ်သည်အရှင်၏ အစေခံဖြစ်ပါ၏။ အကျွန်ုပ်အဘယ်သို့စွမ်း ဆောင်နိုင်သည်ကိုကိုယ်တော်တွေ့မြင်ရပါ လိမ့်မည်'' ဟုလျှောက်၏။အာခိတ်ကလည်း``ကောင်းပြီ။ သင့်အားငါ ၏အမြဲတမ်းသက်တော်စောင့်အဖြစ်ခန့် ထားမည်'' ဟုဆို၏။
3. ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။
4. ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။-
5. ဖိလိတ္တိတပ်မတော်ကိုမြင်သောအခါရှောလု သည်ထိတ်လန့်လျက်၊-
6. မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-
7. ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။ထိုသူတို့က``အင်္ဒေါရမြို့တွင်နတ်ဝင်သည်မ တစ်ယောက်ရှိပါသည်'' ဟုလျှောက်ထားကြ၏။
8. ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။
9. ထိုအမျိုးသမီးက``ရှောလုမင်းသည်ဗေဒင် ဆရာနှင့်နတ်ဝင်သည်တို့အား ဣသရေလ ပြည်မှအဘယ်သို့နှင်ထုတ်တော်မူခဲ့သည် ကိုသင်အမှန်ပင်သိပါလျက် ကျွန်မအသတ် ခံရလေအောင်အဘယ်ကြောင့်ဤသို့ကျွန်မ အားကျော့ကွင်းထောင်၍ဖမ်းပါသနည်း'' ဟု ဆို၏။
10. ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊
11. နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
12. နတ်ဝင်သည်မသည်ရှမွေလကိုမြင်လျှင် အသံကုန်အော်၍ရှောလုအား``အဘယ်ကြောင့် ကျွန်မအားလိမ်လည်လှည့်စားတော်မူပါ သနည်း။ အရှင်ကားရှောလုဘုရင်ပင်ဖြစ် ပါသည်တကား'' ဟုဆို၏။