ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 28:1-10 Common Language Bible (BCL)

1. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊

2. ဒါ​ဝိဒ်​က``မှန်​လှ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အ​ဘယ်​သို့​စွမ်း ဆောင်​နိုင်​သည်​ကို​ကိုယ်​တော်​တွေ့​မြင်​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။အာ​ခိတ်​က​လည်း``ကောင်း​ပြီ။ သင့်​အား​ငါ ၏​အ​မြဲ​တမ်း​သက်​တော်​စောင့်​အ​ဖြစ်​ခန့် ထား​မည်'' ဟု​ဆို​၏။

3. ရှ​မွေ​လ​ကွယ်​လွန်​ရာ​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သည်​ငို​ကြွေး​မြည်​တမ်း​လျက် သူ​၏​နေ​ရင်း​ဌာ​န​ရာ​မ​မြို့​တွင်​သူ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ကြ​၏။ ရှော​လု​သည်​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​ဣ​သ​ရေ​လ ပြည်​မှ​နှင်​ထုတ် ထား​တော်​မူ​ခဲ့​၏။

4. ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-

5. ဖိ​လိတ္တိ​တပ်​မ​တော်​ကို​မြင်​သော​အ​ခါ​ရှော​လု သည်​ထိတ်​လန့်​လျက်၊-

6. မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-

7. ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။ထို​သူ​တို့​က``အင်္ဒေါ​ရ​မြို့​တွင်​နတ်​ဝင်​သည်​မ တစ်​ယောက်​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။

8. ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။

9. ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။

10. ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 28