ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 27:4-8 Common Language Bible (BCL)

4. ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။

5. ဒါ​ဝိဒ်​သည်​အာ​ခိတ်​အား``အ​ရှင်​သည်​အ​ကျွန်ုပ် အ​ပေါ်​မိတ်​ဆွေ​ကဲ့​သို့​သ​ဘော​ထား​ပါ​လျှင် အ​ကျွန်ုပ်​အား​မြို့​က​လေး​တစ်​မြို့​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ။ ဤ​မြို့​တော်​ကြီး​တွင်​အ​ရှင် နှင့်​အ​တူ​အ​ကျွန်ုပ်​နေ​ထိုင်​ရန်​မ​လို​ပါ'' ဟု လျှောက်​၏။-

6. သို့​ဖြစ်​၍​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား​ဇိ​က​လတ် မြို့​ကို​ပေး​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့် ဇိ​က​လတ်​မြို့​သည် ယ​နေ့​တိုင်​အောင်​ယု​ဒ ရှင်​ဘု​ရင်​တို့​၏​ပိုင်​နက်​ဖြစ်​လေ​သည်။-

7. ဖိ​လိတ္တိ​ပြည်​တွင်​ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည်​မှာ တစ်​ဆယ့်​ခြောက်​လ​တိုင်​တိုင်​ဖြစ်​သ​တည်း။

8. ထို​ကာ​လ​အ​တော​အ​တွင်း​၌​ဒါ​ဝိဒ်​တို့​လူ​စု သည်​ဂေ​ရှု​ရိ​အ​မျိုး​သား၊ ဂေ​ရ​ဇိ​အ​မျိုး​သား နှင့်​အာ​မ​လက်​အ​မျိုး​သား​တို့​၏​နယ်​မြေ​များ ကို အီ​ဂျစ်​ပြည်​အ​နီး​ရှု​ရ​မြို့​တိုင်​အောင်​သွား ရောက်​တိုက်​ခိုက်​လေ့​ရှိ​၏။ ထို​အ​မျိုး​သား​တို့ သည်​ယင်း​၏​နယ်​မြေ​များ​တွင်​နှစ်​ပေါင်း​များ စွာ​နေ​ထိုင်​ခဲ့​ကြ​သူ​များ​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 27