ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 27:1-4 Common Language Bible (BCL)

1. ``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-

2. ထို့​ကြောင့်​မိ​မိ​၏​တပ်​သား​ခြောက်​ရာ​နှင့် အ​တူ​မော​ခ​၏​သား၊ ဂါ​သ​ဘု​ရင်​အာ​ခိတ် ထံ​သို့​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။-

3. ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။-

4. ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 27