ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 26:3-17 Common Language Bible (BCL)

3. ဟ​ခိ​လ​တောင်​ပေါ်​လမ်း​အနီး​တွင်​တပ်​စ​ခန်း ချ​၏။ ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​တော​ကန္တာ​ရ တွင်​ပင်​ရှိ​၍ မိ​မိ​အား​ရှာ​ဖွေ​ရန်​ရှော​လု​တော ကန္တာ​ရ​ထဲ​သို့​ရောက်​ရှိ​လာ​သည့်​သ​တင်း ကို​ကြား​သော​အ​ခါ၊-

4. သူ​လျှို​များ​ကို​စေ​လွှတ်​စုံ​စမ်း​စေ​ရာ​အ​ကယ် ပင်​ရှော​လု​ရောက်​ရှိ​နေ​ကြောင်း​သိ​ရှိ​ရ​လေ သည်။-

5. သူ​သည်​ရှော​လု​တပ်​ချ​ရာ​သို့​ချက်​ချင်း​သွား ၍​ရှော​လု​နှင့်​နေ​ရ​၏​သား၊ ရှော​လု​၏​ဗိုလ်​ချုပ် အာ​ဗ​နာ​တို့​အိပ်​စက်​သည့်​နေ​ရာ​ကို​ကြည့်​ရှု ၏။ ရှော​လု​သည်​တပ်​စ​ခန်း​အ​လယ်​တွင်​အိပ်​၍ သူ​၏​လူ​တို့​မူ​ကား​သူ့​ကို​ဝိုင်း​ရံ​လျက်​အိပ် ကြ​၏။

6. ထို​နောက်​ဒါ​ဝိဒ်​သည်​ဟိတ္တိ​အ​မျိုး​သား​အ​ဟိ မ​လက်​နှင့်​ဇေ​ရု​ယာ​၏​သား၊ ယွာ​ဘ​၏​ညီ အ​ဘိ​ရှဲ​တို့​အား``သင်​တို့​နှစ်​ဦး​အ​နက် အ​ဘယ်​သူ​သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့ ငါ​နှင့်​အ​တူ လိုက်​ပါ​မည်​နည်း'' ဟု​မေး​၏။အ​ဘိ​ရှဲ​က``အ​ကျွန်ုပ်​လိုက်​ပါ​မည်'' ဟု​ဆို​၏။

7. သို့​ဖြစ်​၍​ထို​ညဥ့်​၌​ဒါ​ဝိဒ်​နှင့်​အ​ဘိ​ရှဲ​တို့ သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့​ဝင်​ရောက်​ကြ ရာ​တပ်​စ​ခန်း​အ​လယ်​တွင် ရှော​လု​သည်​မိ​မိ ၏​လှံ​ကို​ခေါင်း​ရင်း​တွင်​စိုက်​၍​အိပ်​ပျော်​နေ သည်​ကို​တွေ့​ရှိ​ကြ​၏။ အာ​ဗ​နာ​နှင့်​စစ်​သည် တပ်​သား​တို့​က​မူ​ရှော​လု​ပတ်​လည်​တွင် အိပ်​လျက်​နေ​ကြ​လေ​သည်။-

8. အ​ဘိ​ရှဲ​က​ဒါ​ဝိဒ်​အား``ဘု​ရား​သ​ခင်​သည် အ​ရှင်​၏​ရန်​သူ​ကို​ယ​နေ့​အ​ရှင့်​လက်​သို့​အပ် တော်​မူ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​သူ့​လှံ​ဖြင့်​ပင် တစ်​ချက်​တည်း​မြေ​တွင်​စိုက်​နေ​အောင်​ထိုး သတ်​ခွင့်​ပေး​တော်​မူ​ပါ။ နှစ်​ချက်​ထိုး​ရန် လို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​၏။

9. သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​သည်​မင်း​ကြီး​အား ဘေး​အန္တ​ရာယ်​မ​ပြု​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ဘေး အန္တ​ရာယ်​ပြု​သူ​မည်​သူ​ကို​မ​ဆို​ဧ​ကန်​မု​ချ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-

10. ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​လျှင်​ရှော​လု အား ဋ္ဌမ္မ​တာ​အ​လျောက်​သေ​ချိန်​ရောက်​သည့်​အ​ခါ ၌​ဖြစ်​စေ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သော​အ​ခါ​၌​ဖြစ် စေ​ဒဏ်​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း အ​သက် ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​သိ​၏။-

11. ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သည့်​ဘု​ရင်​ကို ဘေး​အန္တ​ရာယ်​မ​ပြုမိ​စေ​ရန် ငါ့​အား​ကိုယ်​တော် ဆီး​တား​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​မင်း ကြီး​၏​လှံ​တော်​နှင့်​ရေ​ဘူး​တော်​တို့​ကို​ယူ​၍ သွား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

12. ထို​နောက်​ဒါ​ဝိဒ်​သည်​ရှော​လု​၏​ခေါင်း​ရင်း​တွင် ရှိ​သော​လှံ​နှင့်​ရေ​ဘူး​ကို​ယူ​၍ အ​ဘိ​ရှဲ​နှင့် အ​တူ​ထွက်​သွား​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တစ် တပ်​လုံး​ကို​အိပ်​မော​ကျ​စေ​တော်​မူ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​သိ​မ​မြင်​မ​နိုး​မ​ကြား ကြ။

13. ထို​နောက်​ဒါ​ဝိဒ်​သည်​ချိုင့်​ဝှမ်း​တစ်​ဘက်​သို့​ကူး ပြီး​နောက် ဘေး​ကင်း​လောက်​အောင်​ဝေး​ရာ​သို့ ရောက်​သော​အ​ခါ​တောင်​ကုန်း​ထိပ်​တွင်​ရပ် လျက်၊-

14. ရှော​လု​၏​တပ်​သား​များ​နှင့်​အာ​ဗ​နာ​အား``အို အာ​ဗ​နာ​သင်​သည်​ငါ​ပြော​သည်​ကို​ကြား ရ​ပါ​၏​လော'' ဟု​ဟစ်​အော်​လေ​၏။အာ​ဗ​နာ​က``မင်း​ကြီး​အိပ်​ရာ​မှ​နိုး​အောင်​အော် ဟစ်​နေ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။

15. ဒါ​ဝိဒ်​က``အို အာ​ဗ​နာ၊ သင်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ခွန်​အား​အ​ကြီး​ဆုံး​သော​သူ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​၍​သင်​၏​အ​ရှင်​သ​ခင်​ဘု​ရင် မင်း​မြတ်​အား အ​ဘယ်​ကြောင့်​မ​ကာ​ကွယ်​မ​စောင့် ရှောက်​ဘဲ​နေ​ပါ​သ​နည်း။ ခု​တင်​က​ပင်​လျှင်​လူ တစ်​ယောက်​သည်​သင်​၏​အ​ရှင်​သ​ခင်​ကို​သတ် ရန်​တပ်​စ​ခန်း​ထဲ​သို့​ဝင်​ခဲ့​၏။-

16. အ​ချင်း​အာ​ဗ​နာ၊ သင်​သည်​ဝတ္တ​ရား​ပျက်​ကွက် ခဲ့​ပါ​သည်​တ​ကား။ ဘု​ရင်​အဖြစ်​ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သင်​၏​အ​ရှင်​ကို သင်​သည် မ​စောင့်​ရှောက်​ခဲ့​သ​ဖြင့်​သင်​တို့​အား​လုံး​ပင် သေ​ဒဏ်​ခံ​သင့်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏။ ဘု​ရင်​၏​လှံ​တော်​သည် အ​ဘယ်​မှာ​ရှိ​သည်​ကို​ကြည့်​လော့။ ခေါင်း ရင်း​တော်​အ​နီး​တွင်​ထား​သည့်​ရေ​ဘူး​တော် ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​၏။

17. ရှော​လု​သည်​ဒါ​ဝိဒ်​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့်``သင် သည်​ငါ့​သား​ဒါ​ဝိဒ်​ပေ​လော'' ဟု​မေး​တော်​မူ​၏။ဒါ​ဝိဒ်​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 26