19. အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
20. အကျွန်ုပ်သည်ထာဝရဘုရားနှင့်ဝေးရာ တိုင်းတစ်ပါးတွင်မသေပါရစေနှင့်။ ဣသ ရေလဘုရင်သည်အဘယ်ကြောင့်ခွေးလှေး မျှသာဖြစ်သောအကျွန်ုပ်ကို သတ်ဖြတ်ရန် ကြွလာတော်မူရပါသနည်း။ မင်းကြီးသည် အဘယ်ကြောင့်အကျွန်ုပ်အားတောငှက်သဖွယ် လိုက်လံဖမ်းဆီးတော်မူရပါသနည်း။''
21. ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။
22. ဒါဝိဒ်ကပြန်၍လျှောက်ထားသည်မှာ ``အရှင် မင်းကြီး၊ အရှင့်လှံတော်သည်ဤမှာရှိပါ၏။ လူတစ်ယောက်ကိုစေလွှတ်၍ယူစေတော်မူပါ။-
23. ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
24. ယနေ့အရှင်၏အသက်ကိုအကျွန်ုပ်ချမ်းသာ ပေးခဲ့သည့်နည်းတူ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကိုချမ်းသာပေး၍ ဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါစေ သော'' ဟူ၍ဖြစ်၏။
25. ရှောလုကလည်း``ငါ့သား၊ သင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ သင်သည်ပြု လေသမျှသောအမှုကိစ္စတို့တွင်အောင်မြင် ပါလိမ့်မည်'' ဟုဒါဝိဒ်အားမိန့်တော်မူ၏။ထိုနောက်ဒါဝိဒ်သည်ထွက်ခွာ၍ရှောလုသည် နန်းတော်သို့ပြန်သွားတော်မူ၏။