ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 26:16-25 Common Language Bible (BCL)

16. အ​ချင်း​အာ​ဗ​နာ၊ သင်​သည်​ဝတ္တ​ရား​ပျက်​ကွက် ခဲ့​ပါ​သည်​တ​ကား။ ဘု​ရင်​အဖြစ်​ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သင်​၏​အ​ရှင်​ကို သင်​သည် မ​စောင့်​ရှောက်​ခဲ့​သ​ဖြင့်​သင်​တို့​အား​လုံး​ပင် သေ​ဒဏ်​ခံ​သင့်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏။ ဘု​ရင်​၏​လှံ​တော်​သည် အ​ဘယ်​မှာ​ရှိ​သည်​ကို​ကြည့်​လော့။ ခေါင်း ရင်း​တော်​အ​နီး​တွင်​ထား​သည့်​ရေ​ဘူး​တော် ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​၏။

17. ရှော​လု​သည်​ဒါ​ဝိဒ်​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့်``သင် သည်​ငါ့​သား​ဒါ​ဝိဒ်​ပေ​လော'' ဟု​မေး​တော်​မူ​၏။ဒါ​ဝိဒ်​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊-

18. အ​ရှင်​သည်​အ​ဘယ်​ကြောင့်​မိ​မိ​၏​အ​စေ​ခံ​ဖြစ် သူ​အ​ကျွန်ုပ်​အား လိုက်​လံ​ဖမ်း​ဆီး​လျက်​ပင်​ရှိ နေ​ပါ​သေး​သ​နည်း။ အ​ကျွန်ုပ်​သည်​အ​ဘယ် ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။-

19. အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။-

20. အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဝေး​ရာ တိုင်း​တစ်​ပါး​တွင်​မ​သေ​ပါ​ရ​စေ​နှင့်။ ဣ​သ ရေ​လ​ဘု​ရင်​သည်​အ​ဘယ်​ကြောင့်​ခွေး​လှေး မျှ​သာ​ဖြစ်​သော​အ​ကျွန်ုပ်​ကို သတ်​ဖြတ်​ရန် ကြွ​လာ​တော်​မူ​ရ​ပါ​သ​နည်း။ မင်း​ကြီး​သည် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​တော​ငှက်​သ​ဖွယ် လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​ရ​ပါ​သ​နည်း။''

21. ရှော​လု​က​လည်း``ငါ​မှား​လေ​ပြီ။ ငါ့​သား​ဒါ​ဝိဒ်၊ ငါ့​ထံ​သို့​ပြန်​ခဲ့​လော့။ သင်​သည်​ယ​နေ့​ည​ငါ​၏ အ​သက်​ကို​ချမ်း​သာ​ပေး​ခဲ့​သ​ဖြင့် ငါ​သည်​သင့် အား​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ပြု​တော့​မည်​မ​ဟုတ်။ ငါ​သည်​မိုက်​မဲ​သူ​ဖြစ် ချေ​ပြီ။ အ​လွန်​ဆိုး​ရွား​သည့်​အ​မှု​ကို​ပြု​မိ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။

22. ဒါ​ဝိဒ်​က​ပြန်​၍​လျှောက်​ထား​သည်​မှာ ``အ​ရှင် မင်း​ကြီး၊ အ​ရှင့်​လှံ​တော်​သည်​ဤ​မှာ​ရှိ​ပါ​၏။ လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍​ယူ​စေ​တော်​မူ​ပါ။-

23. ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​စောင့်​သူ၊ ဖြောင့်​မှန် သူ​တို့​ကို​ဆု​တော်​လာဘ်​တော်​များ​ပေး​သ​နား တော်​မူ​ပါ​၏။ ယ​နေ့​ကိုယ်​တော်​သည်​အ​ရှင့်​အား အ​ကျွန်ုပ်​လက်​သို့​ပေး​အပ်​တော်​မူ​ခဲ့​သော်​လည်း အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဘု​ရင်​အား​ဘေး​အန္တ​ရာယ်​မ​ပြု ခဲ့​ပါ။-

24. ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။

25. ရှော​လု​က​လည်း``ငါ့​သား၊ သင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​ပြု လေ​သ​မျှ​သော​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင် ပါ​လိမ့်​မည်'' ဟု​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​၏။ထို​နောက်​ဒါ​ဝိဒ်​သည်​ထွက်​ခွာ​၍​ရှော​လု​သည် နန်း​တော်​သို့​ပြန်​သွား​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 26