12. ထိုနောက်ဒါဝိဒ်သည်ရှောလု၏ခေါင်းရင်းတွင် ရှိသောလှံနှင့်ရေဘူးကိုယူ၍ အဘိရှဲနှင့် အတူထွက်သွား၏။ ထာဝရဘုရားသည်တစ် တပ်လုံးကိုအိပ်မောကျစေတော်မူသဖြင့် အဘယ်သူမျှမသိမမြင်မနိုးမကြား ကြ။
13. ထိုနောက်ဒါဝိဒ်သည်ချိုင့်ဝှမ်းတစ်ဘက်သို့ကူး ပြီးနောက် ဘေးကင်းလောက်အောင်ဝေးရာသို့ ရောက်သောအခါတောင်ကုန်းထိပ်တွင်ရပ် လျက်၊-
14. ရှောလု၏တပ်သားများနှင့်အာဗနာအား``အို အာဗနာသင်သည်ငါပြောသည်ကိုကြား ရပါ၏လော'' ဟုဟစ်အော်လေ၏။အာဗနာက``မင်းကြီးအိပ်ရာမှနိုးအောင်အော် ဟစ်နေသူကားအဘယ်သူနည်း'' ဟုမေး၏။
15. ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။-
16. အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။
17. ရှောလုသည်ဒါဝိဒ်၏အသံကိုမှတ်မိသဖြင့်``သင် သည်ငါ့သားဒါဝိဒ်ပေလော'' ဟုမေးတော်မူ၏။ဒါဝိဒ်က``မှန်လှပါအရှင်မင်းကြီး၊-
18. အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
19. အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
20. အကျွန်ုပ်သည်ထာဝရဘုရားနှင့်ဝေးရာ တိုင်းတစ်ပါးတွင်မသေပါရစေနှင့်။ ဣသ ရေလဘုရင်သည်အဘယ်ကြောင့်ခွေးလှေး မျှသာဖြစ်သောအကျွန်ုပ်ကို သတ်ဖြတ်ရန် ကြွလာတော်မူရပါသနည်း။ မင်းကြီးသည် အဘယ်ကြောင့်အကျွန်ုပ်အားတောငှက်သဖွယ် လိုက်လံဖမ်းဆီးတော်မူရပါသနည်း။''
21. ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။
22. ဒါဝိဒ်ကပြန်၍လျှောက်ထားသည်မှာ ``အရှင် မင်းကြီး၊ အရှင့်လှံတော်သည်ဤမှာရှိပါ၏။ လူတစ်ယောက်ကိုစေလွှတ်၍ယူစေတော်မူပါ။-