16. ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
17. ``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။-
18. ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။
19. ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
20. အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
21. ရှောလုက``ဤသို့ငါ့အပေါ်တွင်ကရုဏာ ထားကြသည့်အတွက် သင်တို့အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။-
22. သင်တို့သည်သွား၍တစ်ဖန်သေချာအောင် ပြုကြလော့။ သူသည်အဘယ်အရပ်တွင်ရှိ သည်ကိုလည်းကောင်း၊ ထိုအရပ်တွင်သူ့အား အဘယ်သူတွေ့ရှိခဲ့သည်ကိုလည်းကောင်း အသေအချာစုံစမ်းကြလော့။ သူသည် အလွန်ပါးနပ်လိမ္မာသည်ဟုငါကြားသိ ရသည်။-
23. သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။