ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 23:11-29 Common Language Bible (BCL)

11. ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊

12. ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

13. ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။

14. ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-

15. ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-

16. ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-

17. ``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-

18. ထို​နောက်​သူ​တို့​သည်​အ​ပြန်​အ​လှန်​ကတိ​သစ္စာ ပြု​ကြ​ပြီး​လျှင် ဒါ​ဝိဒ်​သည်​ဟော​ရေ​ရှ​အ​ရပ် တွင်​နေ​ရစ်​၍​ယော​န​သန်​မူ​ကား​မိ​မိ​၏​အိမ် သို့​ပြန်​လေ​၏။

19. ဇိ​ဖ​အ​ရပ်​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ ရာ​ဂိ​ဗာ​မြို့​သို့​သွား​၍``ဒါ​ဝိဒ်​သည်​အ​ကျွန်ုပ် တို့​၏​နယ်​အ​တွင်း​ယု​ဒ​တော​ကန္တာ​ရ​တောင် ပိုင်း၊ ဟ​ခိ​လ​တောင်​ထိပ်​ပေါ်​ရှိ​ဟော​ရေ​ရှ အ​ရပ်​တွင်​ပုန်း​အောင်း​နေ​ပါ​သည်။-

20. အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​သူ့​အား​အ​လွန် ပင်​ဖမ်း​ဆီး​ရ​မိ​လို​ကြောင်း​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​နယ် သို့​ကြွ​တော်​မူ​ပါ။ သူ့​အား​ဖမ်း​မိ​ရန်​အ​ကျွန်ုပ် တို့​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။

21. ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

22. သင်​တို့​သည်​သွား​၍​တစ်​ဖန်​သေ​ချာ​အောင် ပြု​ကြ​လော့။ သူ​သည်​အ​ဘယ်​အ​ရပ်​တွင်​ရှိ သည်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​သူ့​အား အ​ဘယ်​သူ​တွေ့​ရှိ​ခဲ့​သည်​ကို​လည်း​ကောင်း အ​သေ​အ​ချာ​စုံ​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​ပါး​နပ်​လိမ္မာ​သည်​ဟု​ငါ​ကြား​သိ ရ​သည်။-

23. သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။

24. သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ရှော​လု​၏​အ​လျင် ဇိ​ဖ​အ​ရပ်​သို့​ပြန်​လည်​ထွက်​ခွာ​လာ​ခဲ့​ကြ ၏။ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​ယေ​ရှိ​မုန် မြို့​တောင်​ဘက်၊ အာ​ရ​ဗာ​ချိုင့်​ဝှမ်း​ရှိ​မော​န တော​ကန္တာ​ရ​တွင်​ရှိ​နေ​ကြ​၏။-

25. ရှော​လု​နှင့်​စစ်​သည်​တပ်​သား​တို့​သည်​ဒါ​ဝိဒ် ကို​ရှာ​ရန်​ထွက်​လာ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​ရ​လျှင် မော​န တော​ကန္တာ​ရ​ရှိ​ကျောက်​တောင်​သို့​သွား​ရောက် ပုန်း​အောင်း​လေ​သည်။ ဤ​အ​ကြောင်း​ကို ကြား​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​ရှိ ရာ​သို့​လိုက်​၍​ရှာ​တော်​မူ​၏။-

26. ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-

27. ခြေ​လျင်​တော်​သည်​ရှော​လု​ထံ​သို့​ရောက်​ရှိ လာ​၍``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ကျွန်ုပ် တို့​၏​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လျက်​နေ ပါ​ပြီ။ ချက်​ချင်း​ပြန်​၍​ကြွ​တော်​မူ​ပါ'' ဟု​မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့်၊-

28. ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ဆက်​၍​လိုက်​လံ​ဖမ်း ဆီး​မှု​မ​ပြု​တော့​ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​သွား​တော်​မူ​၏။ ထို အ​ရပ်​တွင်​သူ​တို့​နှစ်​စု​အား​ခွဲ​ခြား​ထား သည်​ကို​အ​ကြောင်း​ပြု​၍ ထို​အ​ရပ်​ကို``ခွဲ ခြား​ထား​သော​တောင်'' ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​သ​တည်း။-

29. ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 23