ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 23:1-17 Common Language Bible (BCL)

1. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊-

2. ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။

3. သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊-

4. ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

5. ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။

6. အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။

7. ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-

8. ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

9. ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-

10. ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-

11. ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊

12. ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

13. ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။

14. ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-

15. ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-

16. ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-

17. ``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 23